Part - 8

599 93 0
                                    

[Unicode]

နှာဖျားထိပ်လေးတွေ ထိကပ်ပြီးအကြည့်ချင်းဆုံနေကြချိန်မှာ နှစ်ယောက်လုံးရဲ့ ရင်ခုန်နှုန်းတွေက ဝင်သက်ထွက်သက်နှင့်အပြိုင် လျင်မြန်နေကြလေသည်။

မျက်တောင်မခတ်ဘဲ ပြုစားခံလိုက်ရသူတွေလို တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်မှာ ခပ်နက်နက်။

ယားလာပြီလို့ !

အကြည့် လုံးဝမလွှဲဘူးလို့ ချန်ယောလ်ဆုံးဖြတ်ထားပေမဲ့ ယားယံလာတဲ့ နှာခေါင်း။

" ဟက် ... ချိုး "

မနေနိုင်တော့သည့်အဆုံး တစ်ဖက်သို့မျက်နှာလွှဲရတော့သည်။

ချန်ယောလ် နှာချေးပြီးပြန်ကြည့်တော့ မီးရောင်မှိန်မှိန်လေး အောက်မှာတောင် တောက်ပနေတဲ့ နဂါးလေးရဲ့ မျက်ဝန်းတွေနှင့်တိုးပြန်သည်။

" မနေ့ညက CCTV Recording ကို မြန်မြန်စစ်တော့လေ ~ "

ချန်ယောလ် ပြန်၍စူးစိုက်ကြည့်မလို့ရှိသေး ချက်ချင်းအကြည့်လွှဲသွားတဲ့ နဂါးလေးဆီမှ ထွက်လာတဲ့အသံ ခပ်ဖျော့ဖျော့။

" ဟုတ် ဖွင့်လိုက်မယ် "

ချန်ယောလ် ဘာမှမပြောတော့ဘဲ တဒိတ်ဒိတ် ခုန်နေတဲ့ နှလုံးသားကို မသိကျေးကျွန်ပြုလို့ Laptop ထဲသို့ အာရုံစိုက်လိုက်တော့သည်။

နီမြန်းသွားတဲ့ နဂါးလေးရဲ့ မျက်နှာလေးကိုတော့ မီးရောင်မှိန်နေခြင်းကြောင့် ချန်ယောလ် မမြင်နိုင်ခဲ့ပေ။

_______________

ည ၃နာရီ ! ! !

" Boss နည်းနည်း ရစ်ပြီး ကြည့်လို့မရဘူးလား ... တစ်နေ့လုံးဟာ ထိုင်ကြည့်နေဖို့မှမလိုတာကို "

" မရဘူး လိုတယ် ... မနေ့က ငါမလာတဲ့ တစ်ရက်လုံး ဘာတွေဖြစ်ခဲ့လဲဆိုတာ အကုန်သိချင်တယ် "

ချန်ယောလ်မျက်နှာကြီးသာရှုံမဲ့လိုက်တော့သည်။

အားးးး ! အရမ်း အိပ်ချင်နေပြီလို့ !

" မင်း ထွက်သွားပြီးတော့ ပြုံးလိုက်တဲ့ မစ္စတာဝမ် ရဲ့ အပြုံးကိုတွေ့လား "

ချန်ယောလ် ငိုက်နေရင်း ထွက်လာတဲ့ Boss အသံကြောင့် Laptop ကိုကြည့်လိုက်တော့ လူယုတ်မာပြုံး ပြုံးနေတဲ့ မစ္စတာဝမ်ရဲ့ ပုံရိပ်ကိုတွေ့ရသည်။

S T A Y ( Completed )Where stories live. Discover now