Part - 32

518 78 3
                                    

[Unicode]

" နောက်ဆုံးတော့ ပတ်ခ်ချန်ယောလ်က တကယ်ကို ငါ့ရဲ့ကောင်လေး ဖြစ်လာပြီပဲ ! "

ခြေဖျားလေးထောက်ပြီး ချန်ယောလ့်ပါးပြင်နှစ်ဖက်ကို အုပ်ကိုင်လို့ ဝမ်းသာကြည်နူးမှုကြောင့် ကျလာတဲ့ မျက်ရည်စလေးတွေနဲ့ ပြုံးကာပြောတဲ့ ဘတ်ခ်ဟျွန်းကို ချန်ယောလ်က အမြတ်တနိုး ငေးကြည့်သည်။

" ကျေးဇူးတင်ပါတယ် ချန်ယောလ်လီ ... ငါ့ကို ချစ်ပေးလို့ရော ... ငါ့အနားအမြဲရှိနေပေးလို့ရော ... ငါရဲ့ကမ္ဘာကြီးက မင်းတစ်ယောက်ပဲ ဖြစ်နေပေးလို့ရောပေါ့ ... မင်းသာ ငါ့ကမ္ဘာထဲ ဝင်မလာခဲ့ရင် ငါ့ကမ္ဘာကြီးက အမြဲ မှောင်မဲနေတော့မှာပဲ "

ချန်ယောလ့်ကို ဖက်တွယ်ပြီး ခေါင်းလေးငုံ့ကာ ပြောလာတဲ့ နဂါးလေးရဲ့ စကားသံလေးက ခပ်တိုးတိုးလေးဖြစ်သည်။

" ကျွန်တော်ကသာ ကျေးဇူးတင်ပါတယ်ပြောရမှာ ထင်တယ် ... ကျွန်တော့်ကို မှောင်မဲနေတဲ့ ကမ္ဘာလေးထဲ အလင်းရောင်လေးတွေနဲ့အတူ ဝင်လာခွင့်ပေးခဲ့လို့လေ ... Boss ဘက်ကသာ ဝင်လာခွင့်မပေးခဲ့ရင် အခုချိန်ထိ ကျွန်တော်က မယောင်မလည်ဖြစ်ပြီး အချစ်ဆိုတာ ဘာမှန်းမသိ ဖြစ်နေခဲ့မှာ "

" မင်းကို တကယ် ချစ်လိုက်တာ ! "

ဖက်တွယ်ထားရာကနေ ခွာပြီး ချန်ယောလ်ပါးပြင်ပေါ်ကို အနမ်းဖွဖွပေးလာတဲ့ ဘတ်ခ်ဟျွန်းကြောင့် ချန်ယောလ်အပြုံးတွေက ပို၍တောက်ပသည်။

ဘတ်ခ်ဟျွန်းကတော့ တောက်ပနေတဲ့အပြုံးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပါးချိုင့်နက်နက်ကလေးကို အကြိမ်ကြိမ် ထပ်မံ နမ်းရှုံ့နေလေသည်။

" ချန်ယောလ်လီ မင်းဒီနေ့ ငါ့ကို မနမ်းဘူးလား "

" ကျွန်တော် Boss ကို နမ်းလို့ရမလား "

ခပ်တိုးတိုး အသံလေးတွေက နှစ်ယောက်လုံးစီမှပြိုင်တူ ထွက်ပေါ်လာတာကြောင့် ကမ်းခြေသဲသောင်ပြင်ပေါ်တွင် ရယ်သံလေးတွေ ပျံ့လွင့်သွားသည်။

ထို့နောက် ထပ်တူကျသွားတဲ့ နှုတ်ခမ်းပါးလေးတွေ​က အနမ်းလှလှတွေကို ဖန်တီးနေရင်းကြည်နူးပျော်ရွှင်မှုကြောင့် ပြုံးနေခဲ့ကြပါလေသည်။

S T A Y ( Completed )Where stories live. Discover now