Part - 37

575 64 13
                                    

[Unicode]

အိပ်ပျော်နေတဲ့ ချန်ယောလ်တစ်ယောက် နားထဲတိုးဝင်လာသော ရယ်သံသေးသေးလေးရယ် ကိုယ်ပေါ်တွင် လေးလံနေမှုရယ်ကြောင့် တဖြည်းဖြည်းနိုးလာခဲ့သည်။

" ချန်ယောလ်လီ နိုးပြီလား "

" Boss ! "

မျက်လုံးဖွင့်ဖွင့်ချင်းပင် ချန်ယောလ်မြင်ရသည်က သူ့ကိုယ်ပေါ်ကို တစ်ကိုယ်လုံးခွတက်ပြီး ရင်ဘတ်ပေါ် လက်နှစ်ဖက်ထပ်တင်ကာ ထိုလက်နှစ်ဖက်ပေါ်တွင် မေးစေ့လေးတင်ပြီး သူ့ကို ပြုံးပြနေတဲ့ အကြည်ဓာတ်လေးရဲ့ မျက်နှာလှလှလေးဖြစ်သည်။

" အိုက်ဂူး ! ငါ့အမျိုးသားလေးက အိပ်နေရင်လည်းချော နိုးလာရင်လည်း ချောတာပါပဲလား !? "

" အာ Boss "

ခပ်တိုးတိုးရေရွတ်ပြီး မျက်နှာလွှဲသွားတဲ့ ချန်ယောလ်လီက သူ ငါ့အမျိုးသားလို့ သုံးလိုက်တာကို ရှက်သွားပုံပင် !

" အား ! ငါ့အမျိုးသားလေး ချစ်ဖို့ကောင်းလိုက်တာ ! မွ ! မွ ! တအားချစ်ဖို့ကောင်းတယ် ... ခစ် ခစ် ! "

ချန်ယောလ်ပါးနှစ်ဖက်ပေါ်သို့ နှုတ်ခမ်းအိအိလေးတွေနဲ့ သွားနှောက်ယှက်ပြီး တခစ်ခစ်နဲ့ရယ်နေတဲ့ Boss ပေါက်စ။

ချန်ယောလ်မျက်ခုံးတန်းတွေ တွန့်ချိုးပြီး စူးစိုက်ကာ သူ့ကိုယ်ပေါ်က နဂါးပေါက်စလေးကို ကြည့်ပေးလိုက်တော့ ချက်ချင်းမျက်နှာလေး ငယ်ကျသွားတဲ့ နဂါးပေါက်စက အောက်နှုတ်ခမ်းကိုပါ ရှေ့အပေါ်ဘက်သို့ ထော်နေပြီဖြစ်သည်။

" ဘာလို့လဲ ဟွန် ? "

မရတော့ ! ချန်ယောလ်ဘယ်လိုမှ ထိန်းမရတော့။ ဒီနဂါးပေါက်စလေးက တအား တအားကို ချစ်ဖို့ကောင်းလွန်းသည်မို့ ချန်ယောလ်ကိုယ်ကို တစ်ပတ်လည်ပြီး သူ့ကိုယ်ပေါ်ကနဂါးပေါက်စကို ရင်ခွင်ကျယ်အောက်ပို့ကာ သူကအပေါ်က အုပ်မိုးပစ်လိုက်သည်။

" ချန်ယောလ် "

ညှို့ဓာတ်အပြည့်ပါတဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေရဲ့ ခပ်နက်နက်အကြည့်တွေကို ဘတ်ခ်ဟျွန်းနှလုံးသားလေးက မခံနိုင်တာမို့ မျက်လွှာချကာခေါ်မိတော့ စကားမဆုံးသေးခင်တွင်ပင် ဘတ်ခ်ဟျွန်းမျက်နှာလေးသည် မေးစေ့မှ မော့ယူခြင်းခံရပြီး နှုတ်ခမ်းပါးရဲရဲလေးသည် ချန်ယောလ် နှုတ်ခမ်းပါးဖူးစိုစို၏ ချယ်လှယ်ခြင်းကို ခံရတော့သည်။

S T A Y ( Completed )Where stories live. Discover now