Part - 22

549 83 11
                                    

[Unicode]

" ရောက်ပြီ Boss ! "

" ဟင် ဘယ်ကိုရောက် "

မျက်လုံးလေးစင်းပြီး အိပ်ငိုက်နေတဲ့ ဘတ်ခ်ဟျွန်းတစ်ယောက် ကားတံခါးဖွင့်ပေးရင်း ဆင်းရန်ပြောလာတဲ့ ချန်ယောလ်အသံကြားမှ မှေးစင်းကျနေတဲ့ မျက်လုံးလေးကိုအတင်းဖွင့်လို့ ကားပေါ်မှ ဆင်း၍ ရောက်နေရာပတ်၀န်းကျင်ကို အကဲခတ်လေသည်။

" မင်းရဲ့အိမ်က မင်းကို အေးချမ်းမှုပေးတဲ့ နေရာလား ပတ်ခ်ချန်ယောလ် "

သူ စိတ်ကူးယဥ်ထားတာကတစ်ခြား ချန်ယောလ် ခေါ်လာတာက တစ်ခြားမို့ ဘတ်ခ်ဟျွန်း မျက်ခုံးကြုတ်ပြီးမေးလိုက်သည်။

" ဟာ ! Boss ကလည်း အိမ်သားတွေနဲ့ရန်ဖြစ်မှ တော့ ဘယ်သူက အိမ်ထဲမှာနေပြီး အေးချမ်းမှုရှာမှာလဲ "

" ဒါဆိုဘာလို့ အေးချမ်းမှုရတဲ့နေရာကို ခေါ်သွားမယ်လို့ပြောပြီး မင်းအိမ်ကိုခေါ်လာတာလဲ "

" ကျွန်တော့်အိမ်ကို ခေါ်လာတာမဟုတ်ပါဘူး ... ဟိုနေရာကိုခေါ်လာတာ "

​ချန်ယောလ် ညွှန်ပြရာနေရာကို ဘတ်ခ်ဟျွန်းကြည့်လိုက်တော့ မှောင်မဲနေသော အဆောက်အအုံတစ်ခုကို တွေ့ရသည်။

" ပတ်ခ်ချန်ယောလ် မင်း မင်း ... ငါအမှောင်ကြောက်မှန်းသိလို့ တမင် ... "

" အိပ်ချင်မူးတူးနဲ့ လျှောက်ပြောမနေနဲ့ Boss "

" ဘာပြောတယ် ! ! "

နဂါးလေးရဲ့ အသံမာမာကိုကြားမှ ချန်ယောလ် အောက်နှုတ်ခမ်းကိုဖိကိုက်လိုက်ရင်း သွားဖြဲရယ်ပြလိုက်သည်။

" ဟဲဟဲ Boss ကလည်း ... Boss ကို ကျွန်တော် ခေါ်လာတာ အဲ့အဆောက်အအုံပျက်ကြီးဆီသွားဖို့မဟုတ်ပါဘူး ... အဲ့ အဆောက်အုံပျက်ကြီးရဲ့ အပေါ်ဆုံးခေါင်းမိုးထပ် ... ကျွန်တော်သွားနေကြနေရာ ... Boss ကိုလည်း အေးချမ်းမှုပေးနိုင်လောက်မဲ့ နေရာဆီ သွားဖို့ခေါ်လာတာပါ "

ချန်ယောလ် ရှင်းပြလိုက်မှ နဂါးလေးက ဘာမှ ထပ်ပြောမလာတော့ဘဲ အဆောက်အအုံအမြင့်ကြီးရဲ့ အပေါ်ဆုံးထပ်ကို လှမ်းကြည့်နေလေသည်။

" အဲ့အပေါ်မှာရော မှောင်နေလား ဟင် "

မျက်နှာငယ်လေးဖြင့် သူ့ကို မော့ကြည့်ရင်းမေးလာတဲ့ နဂါးပေါက်စလေးရဲ့ ဆံပင်ဖွားဖွားလေးတွေက နဖူးပေါ်သို့ဝဲကျနေတာမို့ နဂါးပေါက်စလေးက ပါပီပေါက်စလေးနှင့် ဆင်တူနေသည်။

S T A Y ( Completed )Where stories live. Discover now