Part - 25

551 88 5
                                    

[Unicode]

အဖြူရောင်ရှပ်လေးနဲ့အနက်ရောင်စတိုင်ဘောင်းဘီးလေးကို ဝတ်ပြီးသွားတဲ့ ဘတ်ခ်ဟျွန်းက တောက်ပနေတဲ့သူ့ပုံစံလေးကို မှန်ထဲမှာကြည့်ရင်း မျက်လုံးလေးတွေ မှိတ်ကျသွားတဲ့အထိ ပြုံးရယ်လေသည်။

မနေ့ညက မူးနေတဲ့ဘတ်ခ်ဟျွန်းသည် တအားစိတ်လွတ်ပြီး ချန်ယောလ်ကို ပြောချင်သလိုပြောနေခဲ့ပေမဲ့ ဒီနေ့ဘတ်ခ်ဟျွန်းမှာတော့ ဖွင့်ပြောပြီးသွားတဲ့ သူ့ကောင်လေးကို တွေ့ရမည်အား လွန်စွာ စိတ်လှုပ်ရှားနေပါသည်။

" ရင်ခုန်လိုက်တာ ! "

နဖူးပေါ်က ဆံပင်လေးတွေကို လက်နဲ့ပုံစံချလိုက်ရင်း ခပ်တိုးတိုးရေရွတ်ပြီးနောက် အင်္ကျီလက်ကလေးကို ပင့်၍ နာရီကြည့်လိုက်တော့ လက်တံတိုလေးက ၈ ဂဏန်းမှာ အတိအကျငြိမ်သက်နေသည်။

" ပတ်ခ်ချန် ... အာ ... မဟုတ်ပါဘူး ... ချန်ယောလ်လီပါ ခစ်ခစ် "

နာမည်အပြည့်အစုံကို ခေါ်ဖို့လုပ်ပြီးမှ မနေ့ညက ချစ်စနိုးပြောင်းခေါ်ခဲ့တာကို သတိရမိသွားတော့ ​ဘော့စ်ဗြောင်လေးက ကိုယ့်ကိုယ်ကိုယ် အူယားပြီး တခစ်ခစ်ရယ်လေသည်။

" အင်း ... ချန်ယောလ်လီက အခုမှ အိမ်မှာပဲရှိအုံးမယ် ထင်တယ် "

ချန်ယောလ်ရဲ့ စာမဝင်လာသေးတာမို့ ဖုန်းနှင့် ပိုက်ဆံအိတ်ကို စားပွဲပေါ်က ယူလိုက်ပြီး ဧည့်ခန်းဆီသွား၍ ဆိုဖာပေါ် ထိုင်ချလိုက်သည်။

" မေမေရေ ! အဝတ်အစားထည့်နေတာ မပြီးသေးဘူးလား ဟင် "

တိတ်ဆိတ်နေတဲ့ မီးဖိုခန်းက မေမေရှိမနေကြောင်းပြနေတာကြောင့် ဘူချွန်းက နေမကောင်းတဲ့ ဒေါ်လေးဆီ တစ်ညအိပ် သတင်းသွားမေးမဲ့ အခန်းထဲမှ မေမေ့ကို ပျော်ရွှင်မြူးထူးနေတဲ့ အသံလေးနဲ့ ဘတ်ခ်ဟျွန်း အော်မေးလိုက်သည်။

အခန်းထဲက မေမေဗြောင်မှာတော့ ကုတင်ပေါ်ချထားတဲ့ အဝတ်အိတ်ထဲ လိုအပ်တဲ့ပစ္စည်းတွေခါးကိုင်းထည့်နေရင်းကနေ သူ(မ)သားရဲ့ တစ်ခါမှမကြားဘူးတဲ့ အော်သံကြီးကြောင့် ကိုင်းထားတဲ့ ခါးကို ချက်ချင်း မတ်လိုက်မိပြီး မျက်လုံးပါပြူးသွားသည်။

S T A Y ( Completed )Where stories live. Discover now