[Unicode]
ချန်ယောလ် ကားမောင်းနေရင်း နဂါးလေး အကြောင်းကို တွေးနေလေသည်။
စားသောက်ဆိုင်ရဲ့ သန့်စင်ခန်းထဲက ကိစ္စဖြစ်ပြီးနောက်ပိုင်း နဂါးလေး City Lights ကိုမလာ သည်မှာ ၂ ရက်ရှိပြီဖြစ်သည်။ မန်နေဂျာကို မေးကြည့်တော့ နေမကောင်းတာကြောင့် မလာဘူးဟုပြောလေသည်။
အင်းလေ .. အဲ့နေ့က နဖူးရော ခြေထောက်ရော
ထိခိုက်ခဲ့မိတာမလား။သူစိတ်ပူနေပေမဲ့လည်း သွားတွေ့ဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်။ သင့်လည်းမသင့်တော်ပေ။
" အကိုလေး Boss ပြန်ရုံးတတ်ပြီ !!!! "
ကုမ္ပဏီထဲဝင်ဝင်ချင်း သူ့အနားကိုအပြေးလာတဲ့ မင်ဂျွန်းက ဝမ်းသာအားရအသံကြီးဖြင့် ပြောလာသည်။ တောက်ပသွားတဲ့ ချန်ယောလ် မျက်ဝန်းများ။ ချန်ယောလ်ရဲ့ ထိုပုံစံကိုကြည့်ပြီး ခေါင်းငုံ့၍ အတွင်းကြိတ် ပြုံးစိစိလုပ်နေသူ က မင်ဂျွန်းဖြစ်လေသည်။
" Boss ဘယ်မှာလဲ မင်ဂျွန်း "
" သန့်စင်ခန်းထဲ ဝင်သွားတာ တွေ့ .. အာ ... ဟိုမှာ ပြန်ထွက်လာပြီလေ "
ချန်ယောလ်လှမ်းကြည့်တော့ ပုံမှန်အတိုင်း ရှပ်အဖြူနှင့်ဘောင်းဘီအနက်ကို ဝတ်ထားတဲ့ နဂါးလေးက အေးစက်စက်နှင့် မျက်နှာထားဖြင့် တစ်လှမ်းချင်းလျှောက်ကာ ရုံးခန်းဘက်သို့သွားနေသည်။
" Boss ! ! ! ! ! "
ချန်ယောလ် ခေါ်သံကျယ်ကျယ်ကြောင့် ဘတ်ခ်ဟျွန်း ခြေလှမ်းတွေတန့်သွားပေမဲ့ ခေါင်းတစ်ချက်ခါလိုက်ပြီး ပုံမှန်ထပ် နှစ်ဆ မြန်မြန်လျှောက်သွားသည်ကို ချန်ယောလ် တွေ့လိုက်ရတာမို့ အပြေးလိုက်ရတော့သည်။
"Boss ! Boss ! Boss ! "
ချန်ယောလ်အပြေးလိုက်ကာ ခေါ်သော်လည်း ဘတ်ခ်ဟျွန်းက လုံးဝ မရပ်သွားတာကြောင့် ရုံးခန်းရှေ့အရောက်တွင်တော့ လက်ကောက်ဝတ်လေးကနေ ချန်ယောလ်လှမ်းဆွဲလိုက်တော့သည်။
" ဘာပြောချင်လို့လဲ မစ္စတာပတ်ခ် "
စူးရဲသောအကြည့် ခက်ထန်သောမျက်နှာထားနှင့် လက်ကို ဆောင့်ရုန်းပြီး မေးတဲ့ ဘတ်ခ်ဟျွန်း။ ချန်ယောလ် အံ့ဩပြီး ပြောစရာ စကားပျောက်ရှရတော့သည်။
YOU ARE READING
S T A Y ( Completed )
FanfictionI love you , my boy ~ 💗 ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲတစ်ခုမှ ကျောရိုးအနည်းငယ်ကို ထည့်သွင်းရေးသားထားပါတယ်နော် ~ 🍂