[Unicode]
" Yay ! ပတ်ခ်ချန်ယောလ် မင်းရှုံးပြီ လာခဲ့ ! "
" ဟာ ... Boss ! ကျွန်တော် အခုထိ ၃ကောင် ပဲ သတ်ရသေးတာလေ ... Boss က ဘယ်လိုလုပ် အကောင် ၂၀တောင် ဒီလောက် ခဏလေး အတွင်း သတ်ပြီးသွားရတာလဲ ... မဟုတ်မှ Boss တစ်ခုခု ဉာဏ်များလိုက်တာများလား "
ယခု ပတ်ခ်ချန်ယောလ်နှင့် ဗြောင်ဘတ်ခ်ဟျွန်းရောက်ရှိနေသည့်နေရာက နေ့လည်စာစားချိန်မို့ လုံးဝ လူရှင်းနေသည့် ဂိမ်းစင်တာတွင်ဖြစ်သည်။
Gun Shot Game ကို ရှုံးတဲ့သူနဖူးတောက်ကြေး ဆော့ရာတွင် ပတ်ခ်ချန်ယောလ်မှာ အပြတ်အသတ်ကို ရှုံးသွားရခြင်းကြောင့် မကျေမနပ် ဆူပုတ်နေသောရုပ်ဖြင့် မျက်လုံးထောင့်ကပ်ပြီး Gamer ကြီးကို ဉာဏ်များလေသလားဟု မေးနေလေသည်။
" အံမယ် ! မဆော့တတ်လို့ ရှုံးရင်ရှုံးတယ်ပေါ့ ... ဘာကိစ္စ ငါ့ကို စွပ်စွပ်စွဲစွဲ ပြောရဲရတာလဲ "
နှုတ်ခမ်းကိုမဲ့ရွဲ့ပြီး သူကအတော်ဆုံးဆိုတဲ့ ပုံစံဖြင့် ပြောနေတဲ့ နဂါးပေါက်စလေးကို ချန်ယောလ် အသည်းယားလွန်းတာကြောင့် ဆွဲဆောင့်ပစ်ချင်လာသည်။
" ဟုတ်ပါပြီ ဟုတ်ပါပြီ ! ကျွန်တော် အသုံးမကျလို့ ရှုံးတာပါ ... လောင်းထားတဲ့အတိုင်း Boss ပေးမဲ့ အပြစ်ကို ခံယူဖို့အသင့်ပါဗျ "
ချန်ယောလ် ပြောပြီးပြီးချင်း ဘတ်ခ်ဟျွန်းရှေ့ ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ပြီး ခေါင်းကိုမော့ရင်း သူ့နဖူးကို လာတောက်မဲ့ နဂါးလေးရဲ့ လက်လှလှလေး အထိအတွေ့ကို စောင့်နေလိုက် သည်။
" ပတ်ခ် ... ပတ်ခ်ချန်ယောလ် မင်း ဘာလုပ် .. "
ဗြောင်ဘတ်ခ်ဟျွန်းတစ်ယောက် သူ့ရှေ့ ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်တဲ့ ချန်ယောလ်ကိုကြည့်ပြီး ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲသွားတာမို့ တုန်ယင်နေသော အသံဖြင့်မေးလိုက်၏။
လက်ထပ်ခွင့်တောင်းခံရတော့မလို့ဘဲ ><
" Boss နဖူးတောက်လို့ အဆင်ပြေအောင် ဒူး ထောက်ပေးတာလေ ... မဟုတ်ရင် ကျွန်တော်က အရပ်ရှည်တော့ Boss က ခြေဖျားထောက်နေရမှာပေါ့ "
YOU ARE READING
S T A Y ( Completed )
FanfictionI love you , my boy ~ 💗 ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲတစ်ခုမှ ကျောရိုးအနည်းငယ်ကို ထည့်သွင်းရေးသားထားပါတယ်နော် ~ 🍂