[Unicode]" ဟယ်လို ချန်ယောလ်လီ ရောက်နေပြီလား "
" ရောက်တော့မယ် Boss လေဆိပ်နဲ့နီးနေပါပြီ "
" ဟုတ်ပြီ ! ရောက်ရင် ငါ့ကို အပြင်မှာပဲစောင့်နေနော် ... အတွင်းရေမှုးကင်ရယ် မင်ဂျွန်းရယ်ကို အရင်ဆုံး လေယာဥ်ပေါ်တက်ခိုင်းထားနှင့် ... မင်းတစ်ယောက်ပဲစောင့်နေ။ "
" ဟင် ! ဒါပေမဲ့ ကျွန်တော်က မင်ဂျွန်းတို့နဲ့တူတူထိုင်ရမှာမဟုတ် ... "
" ပတ်ခ်ချန်ယောလ် ! "
ဘတ်ခ်ဟျွန်းရဲ့ နည်းနည်းလေး မာသွားတဲ့ အသံက အတွန့်တက်နေတဲ့ ချန်ယောလ်ကို ချက်ချင်း တိတ်သွားစေသည်။
" ဟုတ်ကဲ့ ... ဟုတ်ကဲ့ Boss ! ကျွန်တော်စောင့်နေပါ့မယ် "
" အွန်း ! ဒါပဲနော် "
ဘတ်ခ်ဟျွန်းဖုန်းချပြီးတာနဲ့ ဘေးချထားတဲ့ လက်တော့ပ်ကို ပေါင်ပေါ်ပြန်တင်လိုက်ပြီး ညကအိပ်ပျော်နေတဲ့ ချန်ယောလ်ကို ထိုင်ကြည့်နေတာကြောင့် ရွေးချယ်ရန် မေ့သွားခဲ့တဲ့ ပုံတွေကို ပြန်ရွေးချယ်ရတော့သည်။
ညက အိမ်မက်ဆိုးမက်ပြီး ပြန်အိပ်ပျော်တာ နောက်ကျသွားတာကြောင့် မနက်နိုးတော့ အချိန်က ၉နာရီကျော်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့်မနက်က ချန်ယောလ်ကို အဝတ်အစားနှင့်လိုအပ်တာများသွားယူပြီး တက္ကစီနဲ့သာ လေယာဥ်ကွင်းသို့ လာရန်ပြောပြီး အိမ်က ပြန်လွှတ်ခဲ့ရသည်။
ကိုယ်တိုင်လည်း မေ့မေကို နှုတ်ဆက်ပြီး မေမေ့ Driver နဲ့သာ လေဆိပ်သို့ အမြန်ထွက်လာရသည်။
" ဟူး "
ပုံရွေးချယ်တဲ့ အလုပ်ပြီးသွားမှ သက်ပြင်းရှည်ကြီးချလိုက်တဲ့ ဘတ်ခ်ဟျွန်းက ပေါင်ပေါ်တင်ထားတဲ့ လက်တော့ပ်ကိုဖယ်ပြီး ပြတင်းပေါက်မှန်ကိုချကာ အပြေးဝင်လာသောလေတို့ကို တဝကြီးရှုရှိုက်လိုက်သည်။
" လွမ်းလိုက်တာ ! ချန်ယောလ်လီကိုမတွေ့ရတာ အချိန်အတိအကျဆိုရင် ၃နာရီ ၁၁ မိနစ်နဲ့ အင်း ... ၅စက္ကန့်တောင် ရှိပြီထင်တယ် "
နာရီကိုကြည့်ပြီး ရေရွတ်ပြီးနောက် မျက်လုံးတွေကို မှိတ်ချလိုက်ပြီး ချန်ယောလ်ရဲ့ အပြုံးတောက်တောက်လေးကို မြင်ယောင်လိုက်သည်။
YOU ARE READING
S T A Y ( Completed )
FanfictionI love you , my boy ~ 💗 ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲတစ်ခုမှ ကျောရိုးအနည်းငယ်ကို ထည့်သွင်းရေးသားထားပါတယ်နော် ~ 🍂