[Unicode]
" ဒေါက် ... ဒေါက် ... ဒေါက် ... ဒေါက် "
ရှူးဖိနပ်သံတဒေါက်ဒေါက်ကြောင့် လှေကားခွင်တွင် တုန်ယင်ကြောက်လန့်စွာ ပုန်းနေရှာသော ကောင်လေးငယ်ရဲ့ ဖြူဥသော ပါးပြင်နုနုပေါ်တွင် မျက်ရည်စီးကြောင်းများဖြစ်ပေါ်လာသည်။
" အင့် "
အသံထွက်သွားလျှင် သူ့ကိုရှာနေတဲ့သူက သူပုန်းနေသော နေရာကို သိသွားမည်ဆိုတာကြောင့် အောက်နှုတ်ခမ်းပါးပါးကိုဖိကိုက်ပြီး အသံကို အတိတ်နိုင်ဆုံးထိန်းနေခဲ့ပေမဲ့ အင့်ခနဲရှိုက်သံကတော့ ထွက်သွားခဲ့ပါသည်။
" အယ်... ဖေ့သားလေးက အဲ့နားမှာပုန်းနေတာလား ... ဖေဖေလာပြီလေ ထွက်လာပါအုံး သားလေးရေ ဟားဟား "
ရယ်သံနက်နက်ကြီးကြောင့် ကောင်ငယ်လေးရဲ့ကိုယ်လေးက တုန်တက်သွားပြီး တတ်နိုင်သလောက် ကိုယ်ကိုကျုံ့ ခေါင်းကိုငုံ့လို့ ထိုအသံနက်နက်ကြီးကို မကြားချင်၍ နားကိုလက်နှစ်ဖက်နှင့် ပိတ်ထားလိုက်သည်။
" ကယ်ပါ မေမေ ... သားကိုကယ်ပါ မေမေ ... မေမေ "
တိုးတိတ်စွာ အမေကိုတရှာနေသော ကောင်ငယ်လေး။
" သား ~ ဟျွန်းနီး ဘယ်မှာလဲ ... မေမေလာပြီလေ ... သား ဘတ်ခ်ဟျွန်းနီး ~ "
ကောင်ငယ်လေးရဲ့အသံကိုပဲ ကြားသွားလို့လားမသိ ကောင်ငယ်လေးရဲ့ မေမေက လှေကားခွင်ထဲ အပြေး၀င်လာပြီး ကောင်ငယ်လေးကို အော်ခေါ်ကာ ရှာပြီးနောက် လှေကားနံရံတွင်ကပ်ထိုင်ပြီး တစ်ကိုယ်လုံးတုန်ယင်နေသော ကောင်ငယ်လေးကို တွေ့သွားချိန်တွင်တော့ မချိတင်ကဲ ကောင်ငယ်လေးရဲ့နာမည်ကို ရေရွတ်လေသည်။
"မေ ... မေ ... သူ ... သူလာပြီလို့ ... ဟင့် ! "
မျက်ရည်တွေ တသွင်သွင်စီးကျပြီး မိခင်ရင်ခွင်ထဲတိုး၀င်သွားတဲ့ ကောင်ငယ်လေး။
" ရှင် ဘာလို့လာတာလဲ ... ထွက်သွားပေးပါ ... တောင်းပန်ပါတယ် ... ထွက်သွားပေးပါ ... မလာပါနဲ့ "
" မင်း အေးဆေးနေစမ်းပါ ... ငါ ... ငါ့သားနဲ့ လာတွေ့တာ ... မင်း ၀င်မပါနဲ့ ... သား... ဘတ်ခ်ဟျွန်း ဖေဖေ လာတယ်လေ "
YOU ARE READING
S T A Y ( Completed )
FanfictionI love you , my boy ~ 💗 ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲတစ်ခုမှ ကျောရိုးအနည်းငယ်ကို ထည့်သွင်းရေးသားထားပါတယ်နော် ~ 🍂