[Unicode]
ဖုန်းမြည်သံကြောင့် နိုးလာရတဲ့ ချန်ယောလ်မှာ စားပွဲပေါ်က ဖုန်းကိုဆွဲမယူခင် နံရံပေါ်က နာရီကို တစ်ချက်ကြည့်လိုက်သည်။
" ကျစ် ! 7နာရီပဲ ရှိသေးတာလေ .. ဘာလို့ ကင်ဂျွန်ဝူးက အစောကြီးနှိုးရတာလဲ "
ကျစ်ခနဲ ညည်းညူပြီးမှ အကျင့်အတိုင်းခေါ်ဆိုသူကို ကြည့်မနေဘဲ ဖုန်းကိုင်ပြီး စတင်ပွစိပွစိလုပ်တော့သည်။
" ဘာလဲ ဘာလဲ ! 7 နာရီပဲ ရှိသေးတာလေ ... ဘာလို့ အစောကြီးနှိုးရတာလဲ ဂျွန်ဝူးရာ ! "
မျက်လုံးကို လက်နဲ့ပွတ်ရင်း မေးတော့ တစ်ဖက်က ပြန်ဖြေသံမကြားရ။
" မဟုတ်မှ ... "
ချန်ယောလ် နားမှဖုန်းကို ခွာလိုက်ရင်း ငိုက်နေတဲ့ မျက်လုံးကိုပြူးပြီး ခေါ်ဆိုသူကိုကြည့် လိုက်သည်။
နဂါးလေး !!!!!!!!!
အံ့ဩပြီး ထအော်ချင်နေတဲ့ပါးစပ်ကို လက်တစ်ဖက်နှင့် အုပ်၍ စိတ်ထဲ၌သာ ချန်ယောလ်အော်ပစ်လိုက်သည်။
ဒီတစ်ခါသာထပ်ပြီး နဂါးလေးလို့ ခေါ်မိရင် ပတ်ခ်ချန်ယောလ် တစ်ယောက် City Lights ရဲ့ အနီးတဝိုက်မှာတောင် မြင်ရတော့မည်မဟုတ်မှာ သေချာပါသည်။
" Boss ... ဟဲဟဲ "
အိပ်ယာမှ ငေါက်ခနဲထရပ်လိုက်ပြီး မျက်နှာချိုသွေး၍ ချန်ယောလ်ခေါ်တော့ တစ်ဖက်မှ ပြန်ပြောသံက ခပ်မာမာ။
" နောက်တစ်ခါ ဂျွန်ဝူးနဲ့ ငါ့ကို မှားပြီး မင်းပါးစပ်က ခေါ်လိုက်ရင် ထွက်စာကို မင်းဆီ အိမ်အရောက် ပို့ပေးလိုက်မယ်နော် ကုမ္ပဏီကို မလာနဲ့တော့ "
" ဟင် ! မဟုတ် ... ကျွန်တော်က "
" လျှာထပ်မရှည်နဲ့ အခုချက်ချင်း အိပ်ယာက ထပြီး ပြင်ဆင်တော့ ... ကုမ္ပဏီသွားဖို့ ငါမင်းကို လာခေါ် မယ် ! "
ဘာပြောတယ် !! လာခေါ်မယ် !! ဘာလဲ ဘာလဲ !! ဘာတွေကြံနေတာလဲ နဂါးစုတ် !!
ဘယ်သောအခါမှ သူ့ Boss ကို အကောင်းမမြင်သော ချန်ယောလ်သည် ဒီတစ်ခါလည်း Boss ဘာမကောင်းကြံပြီး သူ့ကို ကုမ္ပဏီသွားဖို့လာခေါ်သလဲဆိုတာကို တွေးနေလေသည်။
YOU ARE READING
S T A Y ( Completed )
FanfictionI love you , my boy ~ 💗 ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲတစ်ခုမှ ကျောရိုးအနည်းငယ်ကို ထည့်သွင်းရေးသားထားပါတယ်နော် ~ 🍂