[Unicode]
City Lights Company ရဲ့ အဖြူရောင်ရုံးခန်း ကျယ်ကြီးထဲတွင် စားပွဲတင်ပန်းအိုးအရှည်လေး အား နောက်ခံထားရင်း ထောင်ထားတဲ့အဖြူရောင် မှန်ဘောင်လေးထဲကပုံကို အလုပ်တွေရှိသမျှ ပစ်ပြီးထိုင်ကြည့်နေသူက Boss ဗြောင်ဘတ်ခ်ဟျွန်း ဖြစ်သည်။
" အဲ့လက်နေရာမှာ နှုတ်ခမ်းဖူးဖူးလေးသာ ဖြစ်နေမယ်ဆိုရင် ဒီပုံက အရမ်းကိုပြည့်စုံသွားမှာ "
ကိုယ့်လက်ကိုယ်နမ်းနေတဲ့ပုံစံဖြစ်နေတဲ့ ပုံရိပ်ကို ကြည့်ပြီး မျက်ခုံးတွေ တွန့်ချိုးရင်း ဘတ်ခ်ဟျွန်းက ပြောနေလေသည်။
" ကျစ် ! ငါဘာလို့ တော်တော်ကြီး ဖြစ်နေရတာလဲ "
ကိုယ့်ကိုယ်ကိုယ် အရမ်းတွေဖြစ်နေမှန်းသိသူဘတ်ခ်ဟျွန်းက ပါးကိုနှစ်ချက်ဆင့်ပုတ်လို့ မျက်ခုံးတွေ တွန့်ချိုးလိုက်ရင်း ပုံကို မှောက်ချလိုက်သည်။
" တော်ပြီ ! စိတ်ထိန်း ဗြောင်ဘတ်ခ်ဟွန်း ! ဒီလို ပုံစံက မင်းရဲ့ပုံစံမဟုတ်ဘူးလေ ... ဒီလောက် image ပျက်ရင်တော်ရောပေါ့ ... အင်း .. အလုပ်လုပ်ရမယ် ... ဟုတ်တယ် ... နှုတ်ခမ်းဖူးဖူးကို ခေါင်းထဲက အခုချက်ချင်းထုတ်ပြီး ပစ်ထားတဲ့ အလုပ်တွေကို လုပ်တော့ ဗြောင်ဘတ်ခ်ဟျွန်း "
ကိုယ့်ကိုယ်ကိုယ် အော်ဟစ်အမိန့်ပေးပြီး အလုပ် စလုပ်ရန် ကီးဘုတ်ပေါ်လက်ချောင်းတွေ တင်လိုက်သော်လည်း နှစ်မိနစ်ပင် မကြာခဲ့ ပါ။ မျက်ဝန်းတွေရဲ့ ဦးတည်ရာက ကွန်ပျူတာပေါ်ကနေ မှန်အကြည်က တစ်ဆင့်မြင်နေရတဲ့ ချန်ယောလ်ရှိရာဆီ ရောက်သွားတော့သည်။
ဘတ်ခ်ဟျွန်း အရင်က စာအုပ် တစ်အုပ်ထဲတွင် ဖတ်ခဲ့ဖူးသည်။ အချစ်က လူကို အစစအရာရာ ပြောင်းလဲပေးနိုင်တယ်တဲ့။ သူ ထိုစာကြောင်းကို ဖတ်ပြီး လှောင်ရယ်ခဲ့ဖူးပါသည်။ အချစ်ဆိုတာ ဒီကမ္ဘာပေါ်တွေ မရှိဟု ဘတ်ခ်ဟျွန်း ထိုအချိန်က လုံးဝ ယုံကြည်နေခဲ့သည်။
သို့သော် ယခုအချိန်တွင်တော့ ....
ဘတ်ခ်ဟျွန်း စားပွဲပေါ်တင်ထားတဲ့ သူ့လက်ပေါ် မေးထောက်လိုက်ပြီး မြင်နေရတဲ့ ချန်ယောလ်ရဲ့ မျက်နှာချောချောကို ကြည့်ရင်း ပြုံးလိုက်သည်။
YOU ARE READING
S T A Y ( Completed )
FanfictionI love you , my boy ~ 💗 ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲတစ်ခုမှ ကျောရိုးအနည်းငယ်ကို ထည့်သွင်းရေးသားထားပါတယ်နော် ~ 🍂