Part - 18

565 79 14
                                    

[Unicode]

" ဘာလေးဝတ်သွားရင် ပတ်ခ်ချန်ယောလ်မျက်လုံးထဲမှာ Perfect ဖြစ်နေလောက်မလဲ "

Bathrobe လေးနဲ့ ဘတ်ခ်ဟျွန်းသည် မှန်ရှေ့တွင်ရပ်ပြီး အင်္ကျီလေးတွေ တစ်ထည်ပြီးတစ် ထည်ကို ကိုယ်ပေါ်တွင် ကပ်ကြည့်ရင်း ယနေ့အတွက် ဝတ်စုံကိုရွေးနေလေသည်။

စည်းကမ်းကြီးလွန်းတဲ့ ဘတ်ခ်ဟျွန်းက သီချင်းလေးညည်းရင်း သူနဲ့မလိုက်ဘူးလို့ ထင်တဲ့အင်္ကျီတွေကို ကုတင်ပေါ်ပစ်တင်တာတို့ အောက်မှာပစ်ချထားတာတို့ မလုပ်ဘဲ ယူတဲ့နေရာတွင်သေချာလေး ပြန်သွားထားလိုက်နောက်တစ်ထည်ယူလာလိုက်နှင့် တစ်ယောက်တည်းအလုပ်ရှုပ်နေလေတော့သည်။

အကွက်ချစီစဉ်မှု အောင်မြင်တာကြောင့် အပျော်ကြီးပျော်နေသူ နဂါးလေးသည် နေမထွက်ခင်ထဲက အစောကြီးထထားလို့သာ တော်ပါသေးသည်။ မဟုတ်ရင်တော့ First Date တွေ သူနောက်ကျသွားနိုင်သည်လေ။

စိတ်ကူးတွေယဉ်ရင်း ပြုံးပြုံးလေးဖြစ်နေခဲ့တဲ့ နဂါးလေးရဲ့ မျက်နှာလေးဟာ ယနေ့ဝတ်ဖို့ အတွက်ရည်ရွယ်ပြီး ညကပြင်ဆင်ထားခဲ့တဲ့ဝတ်စုံတွေကို သဘောမကျဖြစ်လာတာကြောင့် ငိုမဲ့မဲ့လေး ဖြစ်လာလေတော့၏။

ဘာဝတ်သွားရတော့မှာလဲလို့  ! ! !

ကြမ်းပြင်ပေါ်ခြေဆင်းထိုင်ချလိုက်တဲ့ နဂါးလေးသည် နှုတ်ခမ်းလေးမဲ့ရင်း သူရှေ့က ဘီရိုကြီးကို မော့ကြည့်နေလေသည်။

" သားရေ ... နံနက်စာ စားလို့ရ ... အယ် ... နိုးနေပြီလား သား "

ဘတ်ခ်ဟျွန်းသည် ဒီနေ့ ချန်ယောလ်နဲ့ သူဒိတ်မဲ့အကြောင်း မေမေ့ကို ပြောဖို့ မေ့နေခဲ့ပါသည်။ ခပ်ပြုံးပြုံးဖြင့် လိုက်စမဲ့ မေမေကြောင့် ဘတ်ခ်ဟျွန်း ပြောလည်းမပြောရဲပေ။

မေမေ​ကတော့ ကြမ်းပြင်ပေါ်ကနေ ငိုမဲ့မဲ့ရုပ်လေးနှင့် မော့ကြည့်နေတဲ့ သူမသားလေးကို ကြည့်ပြီး သဘောတကျရယ်နေလေသည်။

ငယ်ငယ်က မမြင်ခဲ့ရတဲ့ သူ(မ)သားရဲ့ ချစ်စရာပုံစံလေးတွေကို ယခုမှ သူ(မ) မြင်ရသည်လေ။

" အပြင်သွားမလို့လား သား "

ဘတ်ခ်ဟျွန်းဘေးနား ငုပ်တုပ်လေးထိုင်ချရင်း မေးတဲ့ မေမေ့ကို ပြန်မဖြေဘဲ နှာခေါင်းကို ပွတ်လိုက် ၊ ပါးကိုကုတ်လိုက် ၊ အနည်းငယ်စိုနေသေးတဲ့ ဆံပင်တွေထဲ လက်ချောင်းလေးတွေထိုးထည့်ပြီး ဖွလိုက်လိုက်နှင့် ဘတ်ခ်ဟျွန်းတစ်ယောက် အသံတိတ်နေလေ၏။

S T A Y ( Completed )Where stories live. Discover now