[Unicode]
ဝန်ထမ်းများ သူ့ကိုယ်ပိုင်ရုံးခန်းလေးထဲက ထွက်သွားကြပြီးမှ ဖိုင်တစ်ခုဆွဲယူပြီး နဂါးလေးရုံးခန်းရှိရာဆီ သွားတဲ့ ချန်ယောလ်က အခန်းတံခါးကို တမင် မခေါက်ဘဲ ရုံးခန်းထဲသို့ ဝင်ချသွားသည်။
" ချန်ယောလ်လီ "
" ယဥ်ကျေးမှုမရှိဘူးလားလို့ မေးရမှာလေ Boss "
ချန်ယောလ် ပြုံးစိစိဖြင့် နောက်လိုက်တော့ နဂါးပေါက်စက အောက်နှုတ်ခမ်းလေးကိုက်ပြီး ခေါင်းလေးကို ငုံ့ချသွားသည်။
ဘယ်လိုလေးလဲကွာ။
" အဲ့တာကလေ ... "
နားထင်စောင်းလေးကို အသာကုတ်ပြီး ခုံကထဖို့ပြင်တဲ့ နဂါးလေးက သူ့ကို ကြည့်နေရင်းကမှ မှန်တံခါးဘက်ကို လှမ်းကြည့်သည်။ နဂါးလေးကြည့်နေရာဘက် ချန်ယောလ်လည်း လိုက်ကြည့်တော့ ခါးကြီးကိုင်းပြီး သူတို့အခန်းရှိရာဆီ ကြည့်နေတဲ့ မင်ဂျွန်းကိုတွေ့လိုက်ရသည်။
စပ်စုလွန်းတဲ့ မင်ဂျွန်းကြောင့် ချန်ယောလ်ကြိတ်ရယ်လိုက်ရင်းမှ ရှေ့ကနဂါးလေးထိုင်နေရာဆီပြန်ကြည့်မိတော့ နဂါးလေးက မျက်လုံးလေးလှန်ပြီး ခေါင်းတခါခါလုပ်နေတာမို့ ချန်ယောလ် အော်ရယ်မိသွားတော့သည်။
" ရယ်မနေနဲ့ ! ခန်းဆီး သွားဆွဲ သွား ! "
မျက်နှာလေးက ဘာလို့တည်သွား ... မဟုတ်သေးပါဘူး ... တည်သွားတာမဟုတ်သေးဘူး။ စူပုတ်ပုတ်လေးဖြစ်သွားတာ။ နှုတ်ခမ်းလေးတောင် ရှေ့ကိုနည်းနည်းချွန်နေသလိုလို။
အများကြီး ချစ်ဖို့ကောင်းနေတဲ့ နဂါးလေးကို ခပ်ပြုံးပြုံးဖြင့် ချန်ယောလ်ရပ်ကြည့်နေတော့ နဂါးလေးရဲ့ မျက်ခုံးတန်းလေးတွေက တဖြည်းဖြည်း တွန့်ချိုးလာသည်။
" မင်း သွားမပိတ်ဘူးဆိုလည်း အခန်းထဲက ထွက်သွားလိုက်တော့ ပတ်ခ်ချန်ယောလ် ! "
" ဟော်ဗျာ ... ဘာလို့စိတ်ဆိုးနေတာလဲ ... ပိတ်ပေးမယ်နော် ... စိတ်မဆိုးနဲ့ "
ချန်ယောလ် အမြန်ပြောပြီး မှန်ပြတင်းပေါက်နားမှ ခန်းဆီးအစကို ဆွဲပိတ်ပေးရန် သွားလိုက်သည်။
YOU ARE READING
S T A Y ( Completed )
FanfictionI love you , my boy ~ 💗 ကြည့်ဖူးတဲ့ ဇာတ်လမ်းတွဲတစ်ခုမှ ကျောရိုးအနည်းငယ်ကို ထည့်သွင်းရေးသားထားပါတယ်နော် ~ 🍂