(Unicode)Chapter 4: သူ့ကိုဂရုစိုက်ပေးပါ

6.6K 903 11
                                    

Unicode
ညစာစားခန်းက အောက်ဆုံးထပ်မှာဖြစ်သည်။ သူမဝင်သွားလိုက်တော့ လူတွေဘယ်လောက်တောင်များနေရတာလဲ တွေးမိသွား၏။
တစ်ယောက်က အိမ်အကူကို နှုတ်ဆက်လိုက်ရင်း တီးတိုးမေးလာသည်။
"ဒီကလေးလား"
အိမ်အကူက ခေါင်းညိမ့်လိုက်သည်။ သူမဒီထက်ပိုမပြောချင်။
"ငါ့သူ့ကို ဒီမှာ စားဖို့ခေါ်လာတာ"
လင်းမြောင်ဘာကိုမှ သ​ဘော မပေါက်ပေ။ သူမနားမလည်နေတာကြောင့် ပိုသတိထားပြီး အပြုအမှုအပြောအဆို တတ်နိုင်သမျှနည်းအောင် ရှောင်နေရပေသည်။ သူမတစ်ခုခုမှားပြောမိ မှားလုပ်မိမှာကို ကြောက်နေ၍ပင်။

အိမ်အကူက သူမကိုပန်းကန်နှစ်ချပ် လှမ်းပေးလာ၏။ တစ်ချပ်ကအသီးအရွက် တစ်ချပ်က အသားတွေပင်။ သူမအတွက်ထမင်းပန်းကန်လုံးကိုလည်းပေးလာ၏။

လင်းမြောင်ဗိုက်အရမ်းဆာနေပြီ။ ဒါပေမယ့် မြိုသိပ်ထားလိုက်ပြီး အိန္ဒြေရရ စတင်စားလိုက်သည်။
လင်းမြောင်အတွေးများလျက်ရှိသည်။ သူမကိုမကြိုက်ကြလို့ပင်။ သူမအစားကြီးလို့မဖြစ်ဘူး။ သူမသာအများကြီးစားမိရင် သူမကိုပိုပြီး သဘောမကျဖြစ်ပေတော့မည်။သို့ပေမယ့် အစားအစာတွေက အရမ်းအရသာရှိလို့နေသည်။
လင်းမြောင် အရမ်းကျေနပ်အားရနေတာမို့ သူမအတွေးတွေတောင်မေ့လို့သွားရသည်။ ခဏကြာတော့ ထမင်းရော ပန်းကန်နှစ်ချပ်လုံးပါပြောင်စင်သွားတော့၏။

သူ့မဗိုက်မပြည့်သေးဘူးလို့ ခံစားရပေမယ့်ထပ်တောင်းရမှာရှက်လေသည်။ သူမဘေးကအိမ်အကူတောင် ထမင်းရောဟင်းရောစားလို့မပြီးသေးချေ။
လင်းမြောင်အမြန်ပဲမေးလိုက်သည်။
"သမီးပန်းကန်တွေဘယ်မှာသွားဆေးရမှာလဲ"
"နင်ကိုယ်တိုင်ဆေးစရာမလိုဘူး" အိမ်အကူကဖြေလာသည်။"သခင်မကြီးက နင့်ကိုဒီမှာခဏပဲ လာစားခိုင်းထားတာ"

သူမကိုအခန်းဆီပြန်ပို့လာသည်။လင်းမြောင်ဘာလုပ်ရမှန်းမသိပေ။
သူမကအသုံးမဝင်ဘူးလို့ခံစားလာရသည်။ အထူးသဖြင့် ဘယ်သူမှသူမကိုအလုပ်မခိုင်းကြပေ။
လင်းမြောင်အလွန်သန့်ရှင်းနေတဲ့ အခန်းကိုကြည့်နေမိသည်။ သူမသန့်ရှင်းပေးဖို့တောင်မလို။

မမျှော်လင့်ပဲသခင်မကြီးရောက်လို့လာသည်။သခင်မကြီးကသူမကိုထိုင်ခိုင်းလာလေသည်။
"သမီးရဲ့ မောင်လေးကို သမီးဒီနေ့တွေ့ခဲ့ပြီးပြီမလား"
လင်းမြောင်ရှုပ်ထွေးသွားပြီး
"သမီးသူ့ကိုမတွေ့ရဘူး သူကမြို့မှာလေ"
သခင်မကြီးက တစ်ခစ်ခစ်ရယ်လျက်ရှင်းပြလာတော့၏။
"ငါကယုလေးကို​ပြောနေတာ။ နောက်ကျရင် သူကသမီးမောင်လေးဖြစ်လာနိုင်မလား"
သေချာပေါက်​ ယုလေးကဘယ်သူလဲဆိုတာလင်းမြောင်သိသည်။ ဘယ်လိုပဲဖြစ်ဖြစ်သူမအတွက်ရှုပ်နေတုန်းပင်။
"ဒါပေမယ့် သူကသမီးထက်အရပ် ရှည်တယ်လေ"
သခင်မကြီးခဏလောက် စကားမပြောနိုင်ဖြစ်သွားရ၏။
"ဟုတ်ပေမယ့် သူကကျန်းမာရေးမကောင်းဘူးလေကွယ်။ သူ့ကိုဂရုစိုက်ပေးမယ့် အစ်မကြီးလိုအပ်တယ်။ သမီးကသူ့ရဲ့အစ်မကြီးဖြစ်မပေးနိုင်ဘူးလား"
လင်းမြောင်ချက်ချင်းပြန်မေးလိုက်သည်။
"ဒါသမီးအလုပ်လား"

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now