(Unicode) Chapter 18: ပြန်ပေးဆွဲခံရခြင်း

5.5K 735 19
                                    

Unicode

ကလေးနှစ်ယောက်ကတော့ ထိုညက လူကြီးသုံးယောက်ဘာတွေပြောနေကြလဲဆိုတာ မသိကြ။

ဒါပေမယ့် နောက်တစ်နေ့ လင်းမြောင်နိုးလာတော့ ချောမောလှပတဲ့ သခင်လေးအမေဟာ မျက်နှာကို face mask ကပ်ထားရင်း အိမ်တော်ထိန်းကို မနက်စာပြင်ပေးဖို့ ပြောနေလေသည်။
“ပန်းမုန်လာရယ် ကြက်ရင်ပုံတစ်ခြမ်းရယ်ဆိုရပြီ”

သူမခေါင်းလှည့်ကြည့်လိုက်တော့ ချစ်စရာကလေးလေးနှစ်ယောက် လှေကားကနေ
ဆင်းလာ၏။

လင်းမြောင်ကတော့ အနည်းငယ် လန့်လို့နေသည်။သခင်လေးရဲ့ မိဘတွေ အနားမှာရှိနေရင် သူမ စိတ်ရှုပ်သလိုခံစားရ၏။ခံစားရတာကြီးက သူတို့တွေဟာ တစ်ကမ္ဘာထဲကမဟုတ်သလိုမျိုး…

သခင်လေးကို စတွေ့တဲ့အချိန်တုန်းက ခံစားရသလိုမျိုး အလှမ်းကွာပြီး အဆင့်အတန်းမတူတဲ့ခံစားချက်နဲ့ အတူတူပင်။အဲ့ဒါက သူမကိုမသက်မသာဖြစ်စေပြီး အကျွမ်းတဝင်ရှိဖို့ခက်နေလေရဲ့။

သို့ပေမယ့် ထိုမင်းသားငယ်လေးက အရမ်းကောင်းတဲ့ကိုကို ဖြစ်လာခဲ့လေသည်။သူမတို့က မိသားစုတွေလို့ ခံစားလာရသည်။

အတူတူဆော့ကြပြီး ကိုကိုက သူမကို တရုတ်စာသင်ခန်းစာတွေပြပေးကာ အင်္ဂလိပ်အသံထွက်တွေ သင်ပေးလေသည်။

ထို့အပြင် လူကြီးတွေက ခဏခဏက အချင်းချင်း စကားများတတ်ကြသေးသည်။သူတို့ဘာတွေ ငြင်းခုံနေကြသလဲ ဆိုတာနားမလည်တာတောင် သူမ ကြောက်နေမိစဲပင်။

လင်းမြောင် စိတ်လှုပ်ရှားနေတာကို သခင်လေး ခံစားမိလိုက်တော့ သူမ လက်ကိုကိုင်ပြီး ထမင်းစားခန်းထဲသို့ ဦးတည်သွားလိုက်၏။

သခင်လေးရဲ့ အမေဟာ maskကပ်ထားလျက် သူတို့နှစ်ယောက်ကို လက်ဝှေ့ယမ်းပြလာသည်။

“ယုလေး ၊ဆွေ့ဆွေ့လာလေ”

သူမရဲ့ မျက်နှာကအရမ်းဖြူလွန်းပြီး သရဲရုပ်နဲ့တူလို့နေကြောင်း လင်းမြောင်  တွေးမိသွားတော့သည်။ ကြောက်ဖို့ကောင်းလိုက်တာ! သို့သော်ငြားသူမ ခံစားချက်တွေကို ဖုံးကွယ်ထားလိုက်သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now