Chapter 70

4.6K 598 17
                                    

Unicode

ငါကစိတ်ရှုပ်စရာကောင်းတယ်လို့ ကိုကိုတွေးနေလား

လင်းမြောင်ရဲ့မိသားစုက တရုတ်မှာကျန်ခဲ့တဲ့အလုပ်တွေကြောင့် ကြာကြာနေ၍မဖြစ်။ ထို့ကြောင့် နောက်တစ်နေ့တွင်ပြန်သွားကြလေသည်။

လင်းမြောင်က အိုလံပစ်ပိတ်ပွဲအထိစောင့်ရမည်ဖြစ်သဖြင့် ရက်နည်းနည်းလောက် ပိုနေရပေအုန်းမည်။

မနေ့က ဝတ်ထားသည်မှာ အသင်းဖော်ရဲ့ဂါဝန်ဖြစ်သဖြင့် သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်က သေးတာကြောင့် ထိုဂါဝန်က သူမနဲ့ အနည်းငယ် ကြီး၍နေသည်။

တစ်မနက် လင်းမြောင် လေ့ကျင့်ခန်းလုပ်ပြီးပြန်လာတော့ နည်းပြကြီးက သူမကို ဘူးတစ်ဘူး ပေးလာသည်။

“မင်းအစ်ကိုဆီကတဲ့"

အားကစားသမားများ နေထိုင်ရာအဆောင်သို့ အပြင်လူများဝင်ခွင့်မပြု။ ထို့ကြောင့် သခင်လေးက နည်းပြကြီးနဲ့ ပေးလိုက်လေတာဖြစ်၏။

လင်းမြောင် အံ့ဩသွားရသည်။ ကိုကို ငါ့ကိုဘာပေးတာပါလိမ့်?

ထိုဘူးသည် သားနားစွာအလှဆင်ထား၏။ အခန်းသို့ပြန်ရောက်ပြီး လင်းမြောင် ဘူးကို ဖွင့်ကြည့်လိုက်သည့်အခါ အထဲမှာ အဖြူရောင်ဂါဝန်တစ်ထည်ရှိနေတာကို မြင်လိုက်ရသည်။

ဂါဝန်ကို ထုတ်ကြည့်လိုက်တော့ ဂါဝန်ကအတော်လေးရှည်သည်။ ဘူးအောက်မှာလည်း အင်္ကျီတစ်စုံပါသေး၏။

လင်းမြောင် မျက်နှာလေးနီရဲသွား၏။ တိုက်တိုက်ဆိုင်ဆိုင် သူမရဲ့အသင်းဖော် ဝင်လာပြီး ဂါဝန်ကို မြင်သွားလေတော့သည်။

“ကိုကြီးဆွေ့ နင့်ဂါဝန်က အရမ်းလှတာပဲ ၊ နင်ဘယ်ချိန်က ဝယ်လိုက်တာတုန်း”

အဘယ့်ကြောင့်ဆိုသော် မနေ့တုန်းက လင်းမြောင် အင်္ကျီအပိုယူဖို့မေ့ခဲ့တာ လူတိုင်းသိကြသည်။

“ငါ့အစ်ကို ငါ့အတွက်ဝယ်ပေးတာ” လင်းမြောင် ကရှင်းပြလာသည်။

ထိုမိန်းကလေးက သူမကို နက်နက်နဲနဲကြည့်၍လာပြီးနောက် ပြောလာ၏။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now