(Unicode)Chapter 28 :ကိုကို အိမ်က ထွက်ပြေးလာတာလား

5.2K 758 27
                                    

Unicode

လင်းမြောင်ပြောတာကိုကြားတော့ သခင်လေးဟာ သူမဆီလျှောက်သွားဖို့ ဆုံးဖြတ်လိုက်၏။

လင်းမြောင်ဟာလည်း သူ့ဆီကိုပြေးလာပြီး “ကိုကို! ငါ့ဆီ လာလည်တာလား!”

သူမပျှော်ရွှင်နေတာကိုမြင်တော့ လင်းမြောင်ဟာ သူငယ်ချင်းအသစ်ရသွားလို့ သူ့ကိုမေ့သွားရတယ်ဆိုတဲ့ အတွေးတွေ ပျောက်ကွယ်လို့သွားရတော့သည်။

“အင်း တဟောင်နဲ့ ခွေးပေါက်လေးတွေက အိမ်မှာ အစားသိပ်မစားတော့လို့” သခင်လေးဟာ အိန္ဒြေတခွဲသားဖြင့်ဆိုလာသည်။

မိန်းကလေးအုပ်စုဟာ တဟောင်ကိုကြောက်ကြပေမယ့် သူ့နောက် ခွေးပေါက်လေး နှစ်ကောင်ကို မြင်တဲ့အခါ သူတို့နှလုံးသားတွေ အရည်ပျော်သွားရသည်။

နောက်တွင် သခင်လေးကို သူတို့ တွေ့လိုက်ကြရ၏။

လင်းမြောင်က သူ့ကိုအမြန်ပဲ မိတ်ဆက်ပေးလာသည်။ “ဒါက ငါ့ကိုကို ယုကျင်းရွှမ်”

ကောင်မလေးတွေဟာ ရှက်သွေးဖြာလျက် သူတို့ကိုယ်သူတို့ မိတ်ဆက်လာကြတော့သည်။

ပြီးတဲ့နောက် သခင်လေးဟာ လင်းမြောင်ကို အဝေးသို့ဆွဲခေါ်သွားလိုက်၏။

သူမကတော့ စိတ်မဆိုးပါဘူး။သူမကတောင် သခင်လေးကိုပြန်ဆွဲသွားလိုက်သေးသည်။ ခွေးသုံးကောင်ကလည်း သူတို့နောက်က လိုက်လာကြလေသည်။

“ကိုကို... ငါကိုကို့အတွက် ကျွဲကောသီးတစ်လုံးချန်ထားတာ ရှိသေးတယ်”လင်းမြောင် ပြောလာသည်။

“တကယ် ငါရောက်မလာခဲ့ရင်ကော” သခင်လေးဟာ  သူမကို ဖုန်းဆက်တုန်းကအဖြစ်အပျက်ကို ပြန်တွေးနေမိသည်။

“အဲ့ဒါကြ…အဲ့ဒါကြတော့” လင်းမြောင် ဘာကိုမှ မတွေးနိုင်တော့။

လင်းမြောင်တို့ ပြောင်းသွားတဲ့မြို့ဟာ အရမ်းစည်ကားလှသော မြို့ကြီးမဟုတ် အဆောက်အဦတွေက နိမ့်နိမ့်လေးသာဖြစ်ပြီး မိုးမျှော်တိုက်တွေဟာလည်းအလွန်နည်းပါးလှကာ စိန်းလမ်းစိုပြည်လျက် နေရောင်ခြည်တို့ ဖြာကျလျက်ရှိလေသည်။လူသွားလမ်းပေါ်မှာ လမ်းလျှောက်နေကြရင်း နေရာတစ်ခုလုံးကို ရွှေဝါရောင်တွေ လွှမ်းခြုံထားသလိုမျိုး သူတို့ ခံစားနေကြရသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now