(Unicode)Chapter 3: တွေ့ဆုံခြင်း

7K 887 10
                                    

Unicode

သူမထက် ငါးနှစ်၊ခြောက်နှစ်ကြီးသည့် ရွာကအစ်မဝမ်းကွဲက သူ့အလုပ်အကြောင်းပြောတာကို နားထောင်ခဲ့တာနဲ့တင် လင်းမြောင်စိတ်လှုပ်ရှားနေပြီဖြစ်သည်။

အစ်မဝမ်းကွဲပြောဖူးသည်မှာ အလုပ်လုပ်ရသည်က အင်မတန်ပင်ပန်းပြီး ညဆိုင်းတွေပါဆင်းရသည်တဲ့။ အလုပ်ရှင်က အလွန်ဒေါသကြီးပြီး ဆူပူကြိမ်း‌မောင်းတတ်သေးသတဲ့။

သူမကတော့ အလုပ်ပင်ပန်းမှာ၊ ညဆိုင်းဆင်းရမှာ၊ အဆူခံရမှာတွေကို မကြောက်မိပေမဲ့ နည်းနည်းစိုးရိမ်မိသည်က အလုပ်မခန့်မှာကိုပင်။ အလာတုန်းက နှစ်သစ်ကူးရောက်ရင် သကြားလုံး‌တွေဝယ်လာခဲ့မယ်လို့ ယုံကြည်ချက်ရှိရှိဖြင့် လေလုံးထွားခဲ့မိသည်။ သူမသာပြန်အပို့ခံခဲ့ရလျှင်ဖြင့် မည်သို့ရှင်းပြရတော့မည်နည်း။

လင်းမြောင် သူမ၏ဖိနပ်ထိပ်ဖျားတွေကိုကြည့်ရင်း အတွေးလွန်နေရှာသည်။ သူမ ကြိုးကြိုးစားစားရိုးရိုးသားသား အလုပ်လုပ်ရပေလိမ့်မည်။

ထိုအချိန်၌ အိမ်တော်ထိန်းကြီးက သူမကို သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ထံလွှဲ‌ပေးလိုက်ကာ

"သူ့ကို ရေမိုးချိုး​ပေးလိုက်"

လင်းမြောင်အနောက်ကနေ နာခံစွာဖြင့်လိုက်သွားလိုက်သည်။သို့နောက်မှာတော့ ဒုတိယထပ်ကို တက်သည့်လှေကားပေါ်တက်လာခဲ့၏။

လင်းမြောင်ခမျာ မျက်လုံးတွေကို မယုံကြည်နိုင်လောက်အောင်ပင်။ ဘယ်လိုလုပ်ပြီး ဒီ‌‌ေလာက်လှသည့် နေရာမျိုးရှိနေနိုင်သလဲ။လှေကားဖြင့်တက်လာခဲ့သည့် ဒုတိယထပ်ကြမ်းပြင်တစ်ခုလုံး အဖြူရောင်​ ကော်​ဇောတွေဖြင့် ဖုံးလွှမ်းထား၏။

ထိုအခိုက် ဘေးအခန်းမှ တံခါးပွင့်လာတော့ လင်းမြောင် အံ့သြတုန်လှုပ်သွားမိသည်။

အဖြူရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသည့် လူကြီးတစ်ယောက်က သူမထက်ခေါင်းတစ်လုံးစာ အရပ်ပိုရှည်မည့် ကောင်လေးတစ်ယောက်ကို တွဲခေါ်လို့လာလေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Tempat cerita menjadi hidup. Temukan sekarang