(Unicode)Chapter 37 : စကတ်ဝတ်ထားတယ်

5K 684 18
                                    

Unicode

သခင်လေးကို သူမအိမ်မှာ ထမင်းစားဖို့ ထပ်မံဖိတ်ကြားလိုက်သည်။

လင်းမြောင် မိဘတွေဟာ သခင်လေးနဲ့ ရင်းနှီးလို့နေပါပြီ။ တကယ်တမ်းမှာလည်း လင်းမြောင်က ယုမိသားစုထံမှာ နှစ်ဝက်လောက် နေခဲ့ရသည်။သခင်လေးကလည်း လင်းမြောင်အပေါ် အရမ်းပင်ကောင်းလွန်း၏။ သူမကို တကယ့် ညီမအရင်းလေးတစ်ယောက်လို ဆက်ဆံပေးလေသည်။သူမဆီ ခဏခဏလာတတ်ပြီး သူမကို စာသင်ပေး၊ မုန့်တွေ ဝယ်လာပေးတတ်သည်။

လင်းမြောင်အမေသည်  သူမနှလုံးသားထဲမှာလည်း သခင်လေးကို မိသားစုဝင်တစ်ယောက်လို ယူဆမှန်းသိပါ၏။

လင်းမြောင် သခင်လေးကိုခေါ်လာတဲ့ ပထမဆုံး အားလပ်ရက်တည်းက သူမ အစားအသောက်တွေ ပိုချက်ပေးခဲ့လေသည်။

သို့သော်လည်း မိသားစုနှစ်စုက လူကြီးတွေကတော့ အရင်လိုပဲ သိပ်ပြီး အဆက်အဆံမရှိကြပေ။

သခင်လေးဟာ လင်းမြောင်တို့ အိမ်ဖြစ်ပစေအုန်းတော့ အစားအသောက် ချေးမများတတ်။ လင်းမြောင်စားသမျှ သူလည်း လိုက်စားတတ်၏။

လင်းမြောင်က ခဏတိုင်း သူ့ကို ဟင်းတွေ ထည့်ပေးလေသည်။

ထမင်းစားပြီးတဲ့နောက် သခင်လေး သူ့အိမ်ကို ပြန်တော့သည်။

တစ်ခါတစ်ရံ လင်းမြောင်က ယုမိသားစုမှာ ထမင်းသွားစားတတ်ပြီး တဟောင် ဖေ့ဖေ့ ကျားကျား တို့ကို သွားကြည့်တတ်သည်။
လူအားလုံး ဒီပုံစံကို ကျင့်သားရနေကြလေပြီ။

ဒါကိုကျင့်သားမရနိုင်ဖူးဆိုရင်တောင် ချိန်ညှိရလေသည်။အထူးသဖြင့် ယုမိသားစု အတွက်ပေါ့။

သခင်လေး တက်တက်ကြွကြွ ပြန်ဖြစ်လာသည်မှာ သိပ်မကြာသေးလှ။ အခုတော့ နာမကျန်းမှုကနေ ပြန်လည်နလန်ထူလာပြီဖြစ်ကာ သူနှလုံးသား အလိုဆန္ဒအတိုင်းသွားလာတတ်ပြီး သူတစ်ယောက်တည်းသာသွားတတ်လေသည်။

ခိုးထွက်တာထက်စာလျှင် သူဆန္ဒအတိုင်း သွားခွင့်ပြုလိုက်ကြသည်။ကားဒါရိုက်ဘာက သူ့နောက်ကို လိုက်နေသ၍ အိမ်ကို ပြန်ပြီးအစီအရင်ခံပေလိမ့်မည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Donde viven las historias. Descúbrelo ahora