Chapter 85

4.2K 581 12
                                    

Unicode

ကမ္ဘာနှစ်ခု

သူမရဲ့အချိန်မတန်တဲ့အချစ်ရေးက အနည်းဆုံးတော့ နေ့စဉ်နဲ့အမျှ ထရိန်နင်တွေမှာ သူမရဲ့ဆောင်ရွက်ပုံတွေအပေါ် သက်ရောက်မှုရှိလိမ့်မည်ဆိုတာ လင်းမြောင်သိသည်။

ကံကောင်းတာက ဒီဟာကြောင့် အာရုံပျက်ဖို့နေနေသာသာ ကစားပွဲတွင်သာ အလွန်အာရုံစူးစိုက် ထားသဖြင့် သူမရဲ့ပြိုင်ပွဲတွေပေါ်မှာတော့ သိပ်ပြီးထိခိုက်မှုမရှိချေ။

နောက်ပိုင်းနိုင်ငံတကာပြိုင်ပွဲတွေတွင် သူမရဲ့ကစားပုံတွေက တည်ငြိမ်နေခဲ့သည်။

ဂျွန်လတွင် ယုကျင်းရွှမ် တက္ကသိုလ်မှ ဘွဲ့ရသည်။

လင်းမြောင်က သူ့ရဲ့ဘွဲ့နှင်းသဘင်အခမ်းအနားကို တက်ရောက်ဖို့ တစ်ရက်လုံး ခွင့်ယူထားလေသည်။

သူမကို ဒီအကြောင်းပြောပြတဲ့သူက ယုကျင်းရွှမ်အမေသာလျှင်ဖြစ်သည်။ မဟုတ်လို့ကတော့ သူမ သိလိမ့်မည်မဟုတ်။

မနက်ခင်းလေ့ကျင့်ခန်းပြီးတဲ့နောက် လင်းမြောင် အမြန်ရေမိုးချိုးကာ ဆံပင်တွေကို အခြောက်ခံသည်။

သူမ တက္ကစီငှားပြီးသွားမယ်လို့တွေးထားခဲ့ပေမယ့် အန်တီယုက သူမကို တိုက်ခန်းအပြင်တွင် စောင့်နေခဲ့လေသည်။

အန်တီယုက သူမနဲ့ကိုကိုတို့ရဲ့ ဆက်ဆံရေးကိုမသိသေးတာ သေချာသော်လည်း လင်းမြောင် အနည်းငယ်ရှက်သွေးဖြန်းနေ၏။ အန်တီယုသာသိသွားခဲ့လျှင် သူမတို့ကိုဆူမှာ လင်းမြောင်ကြောက် သည်။ လူကြီးတွေက ဒီအရွယ်မတိုင်တဲ့အချစ်ရေးကို အကုန်လုံးက ကန့်ကွက်ကြသည်ပဲ။

သို့သော်ငြား ဘာပဲဖြစ်ဖြစ်သူမဘေးမှာ ထိုင်လို့နေစဲ။

ယုကျင်းရွှမ်ကတော့ ဒီကားထဲမှာမရှိ။

“ငါတို့ သူ့ရဲ့ဘွဲ့နှင်းသဘင်အခမ်းအနားကိုလာမယ်လို့ သူ့ကိုမပြောထားဘူး။ ငါတို့သူ့ကို စပရိုက်လုပ်ကြမယ်” ယုကျင်းရွှမ်အမေက ဆိုလာသည်။

“ဟုတ်” လင်းမြောင် ပြန်ဖြေလာသည်။

လင်းမြောင်က ဒီလိုပွဲအခမ်းအနားမျိုးကို တစ်ခါမှမသွားဘူးခဲ့။ ထို့ကြောင့် အန်တီယုနောက်ကသာ လိုက်သွားပြီး အနောက်တွင်ထိုင်လိုက်သည်။ စတိတ်စင်ပေါ်တွင် ဘွဲ့ဝတ်စုံဝတ်ဆင်ထားသော ဘွဲ့ယူမည့်ကျောင်းသားများဖြင့် ပြည့်နှက်နေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now