Chaper 82

4.2K 579 11
                                    

Unicode

အတူတူရုပ်ရှင်သွားကြည့်ကြတယ်


အိမ်ကိုပြန်ရောက်တဲ့ထိ လင်းမြောင် တအားပျော်နေစဲဖြစ်ပြီး မျက်နှာပေါ်တွင် ထင်ဟပ်နေသည်။ ရှုံးခဲ့ရသည့်နှစ်များစွာအကြာ နောက်ဆုံးတော့ သူမ ကလဲ့စားပြန်ချေနိုင်ခဲ့ပြီ။

လင်းမြောင်ရဲ့ စိတ်အခြေအနေက တိုက်ခန်းကနေ ထွက်လာခဲ့တဲ့အချိန်ထက်စာရင် လုံးလုံးပြောင်းလဲသွား၏။ မေမေလင်းက ထူးဆန်းနေတာကို သတိထားမိသွားပြီး “ဆွေ့ဆွေ့ ဒီနေ့ အပြင်မှာ ပျော်စရာတစ်ခုခုရှိလာလို့လား”  ဘာလို့ သူမအရမ်း အူမြူးနေတာလဲ။ သူမ စာလုံးသုံးလုံးကို မတွေးမိဘဲမနေနိုင် : ငတုံးလေး...

လင်းမြောင် ခေါင်းမော့လိုက်တော့ အမေဖြစ်သူရဲ့ အကြည့်တွေနဲ့ဆုံလိုက်ရကာ ချိုသာစွာ ဖြေလာသည်။

“သမီး ကိုကိုနဲ့ ကြက်တောင်ရိုက်ခဲ့တာ သမီးနိုင်သွားတယ်”

လင်းမြောင်အမေ “…” ဆွေ့ဆွေ့ က သေချာပေါက်နိုင်မှာဘဲကို ဘာကိစ္စနဲ့ ဒီလောက်ပျော်ဖို့လိုလား

သူမ လင်းမြောင်ကို ဘယ်နှစ်ကြိမ် နိုင်တာလဲလို့ မမေးမိဘဲ မနေနိုင်ပြန်။

“အကုန်လုံးပဲ” လင်းမြောင် ဖြေလာသည်။

လင်းမြောင်အမေ “…” ယုလေးကို တကယ်ကြိုက်နေတာရောဟုတ်ရဲ့လား၊ သူမရဲ့ အကဲခတ်စွမ်းရည်ကို သံသယတောင်ဖြစ်လာပြီ။ သူ့ကို တစ်ပွဲနှစ်ပွဲလောက်တော့ အနိုင်ပေးရမယ်လို့ မစဉ်းစားမိဘူးလား။

ဘာပဲဖြစ်ဖြစ်ပဲလေ ငါ့သမီး ပျော်နေသမျှ ပြီးတာပါပဲ။

ညအချိန်တွင် လင်းမြောင် စောင်အောက်မှာပုန်းရင်း ယုကျင်းရွှမ် နဲ့ စကားဖောင်ဖွဲ့နေကြလေသည်။

သူမဖုန်းပြောတာကို နံရံကျော်ပြီး မိဘတွေကြားရမည် မဟုတ်မှန်း သိသော်လည်း သူမ မလုံမလဲဖြစ်လို့နေစဲ။

သူမ ကြောက်ရပါရဲ့…

အသံကိုတိုးအောင်ပြောနေသော လင်းမြောင်ရဲ့ မလုံမလဲအသံကိုကြားရတဲ့ အခါယုကျင်းရွှမ် သက်ပြင်းချလိုက်မိသည်။ငါ့မှာ ဘယ်လိုလူပျိုပေါက်ခန္ဓာကိုယ်မျိုး ရှိနေရတာလဲကွာ…

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now