Chapter 98

4.3K 517 11
                                    

Unicode

အဆိပ်ကို အဆိပ်နဲ့ပဲတိုက်ထုတ်ရမယ်

လင်းမြောင် သူမရဲ့ဒိန်ချဉ်ကို ငြိမ်ငြိမ်လေးသောက်ပြီးသွားတဲ့နောက် အစတုန်းက ကိုကိုအတွက်ဝယ်ခဲ့တဲ့ ဒိန်ချဉ်ဘူးကိုပါ ဆက်သောက်လိုက်သည်။

နှစ်ဘူးလုံးကုန်အောင်သောက်ပြီးတာတောင် သူမကိုယ်သူမ တည်ငြိမ်အောင်မလုပ်နိုင်သေး။ မသိရင်ဘဲ…ကိုကိုက သူမကို နမ်းနေတုန်းလိုမျိုး။

နေ့လယ်ခင်းတွင် လင်းမြောင်က လသာဆောင် အကြီးကြီးပေါ်တွင် လေညှင်းခံလျက် သမိုင်းနှင့်နိုင်ငံရေးကို ကျက်နေသည်။

သို့သော်ငြား နေ့လယ်က အနမ်းကိုသာ သူမ တွေးနေမိသည်။ သူမရှေ့က ယုကျင်းရွှမ်ရဲ့မျက်နှာ၊ သူမနှုတ်ခမ်းပေါ်က အထိအတွေ့ သူမ ဘာကိုမှမမေ့နိုင်ဘူး။

ဒါကသူမအပေါ်အရမ်း သက်ရောက်လွန်းနေတာ။ လင်းမြောင် နားထင်ကို ပွတ်လိုက်၏။ သူမခုလေးတင် ကျက်ထားတာကို မေ့သွားပုံရသည်။

ကျောင်းတွေအကုန်လုံးက အရွယ်မတိုင်ခင် အချစ်ရေးကို လက်မခံတာ မဆန်းတော့ပါဘူး။ ဒါတွေကအရမ်း အာရုံပျက်ပြားစေနိုင်တာပဲ။ သူမတို့တွေက အရွယ်မတိုင်သေးဘူးလို့တော့ ယူဆလို့မရတဲ့အပြင် သူမတို့တွဲခဲ့တာ သုံးနှစ်ရှိသွားပြီဆိုပေမယ့် သူမတို့ရဲ့အတူတူရှိခဲ့တဲ့ တုံ့ပြန်ဖလှယ်မှုက အကုန်ပေါင်းလိုက်လျှင် တစ်လစာတောင်မရှိပါချေ။

ဒါကြောင့်ပဲ သူမ ကပျာကယာဖြစ်လို့နေသည်။

လသာဆောင်ပေါ်မှာ သူမ စာကျက်နေပေမယ့်လို့ ထပ်ပြီးအာရုံစိုက်လို့မရတော့။ သူမနှလုံးသားထဲမှာ ကြောင်တစ်ကောင်ရောက်နေသလိုမျိုး အမြဲတမ်း တစ်ခုခုက ကုတ်ခြစ်နေ၏။

ထို့နောက် သူမ ကိုကို့ကို လှမ်းကြည့်လိုက်တော့ သူက laptop ပေါ်တွင်သာ အာရုံစူးစိုက်နေပြီး ဘာကြောင့်နဲ့မှ အာရုံပျက်နေသည့်ဟန်မပေါ်ပေ။

လင်းမြောင်မနာလိုသွားသည်။ သူမလည်းပဲ  အာရုံစိုက်ချင်သည်။ ဒါပေမယ့် အင်မတန် ခက်ယဉ်းလှသည်။

ဒါပေမယ့် တကယ်တမ်း ယုကျင်းရွှမ်က သူ့ရဲ့တည်ငြိမ်သောအသွင်အပြင်အောက်မှာ ဂယက်ထနေသမျှကို ဖုံးကွယ်လို့ထားတယ်ဆိုတာ လင်းမြောင် မသိခဲ့ပါချေ။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now