Chapter 66

4.2K 569 10
                                    

Unicode

သူတို့လည်းပဲမသိဘူး

ထျန်းကျင်းက လင်းမြောင်နှင့်အနှီးကပ်ဆုံးသူပင်ဖြစ်သည်။ လင်းမြောင်အကြောင်း သူမ ထဲထဲဝင်ဝင်သိ၏။

လင်းမြောင်ကတော့ တကယ်ပဲ လိုင်းပေါ်မှာဘာတွေဖြစ်လို့နေကြလဲဆိုတာ မသိလေဘူး။

အင်တာနက်စွဲလမ်းသူ ယုကျင်းရွှမ်အမေပင်လျှင် ဒီအကြောင်းတွေကို မသိပါချေ။

မွေးနေ့ပွဲကျင်းပရင်း အလွန်အလုပ်ရှုပ်နေသဖြင့် သူမရဲ့ရေဒါကနေ လွတ်ထွက်သွားခဲ့သည်။

မေမေယုက သားဖြစ်သူကို စနောက်လာသည်။ “မင်းက ၁၆နှစ်ရှိပြီဆိုတော့ ရည်းစားစထားလို့ရပြီပဲ၊ နောက် ၂နှစ်ဆိုရင် ၁၈နှစ်ဖြစ်ပြီ၊ အဲ့ချိန်ဆိုအရမ်းနောက်ကျသွားလိမ့်မယ့် ဒီလိုရွှေခေတ်လေးမှာ လုပ်စမ်းပါ”

ယုကျင်းရွှမ် “…”

“အိုး ဟုတ်သား မင်းက ဆွေ့ဆွေ့နဲ့အတော်လေး ရင်းနှီးကြတယ်ဆိုတော့ အသင်းထဲမှာ သူကြိုက်နေတဲ့ သူလေးဘာလေးမရှိဘူးလား” မေမေယုက ဆက်ပြောလာသည်။ “မင်းတို့က မွေးနေ့အတူတူပဲဆိုပေမယ့် သူက မင်းထက် အရင်ရည်းစားရသွားလောက်တယ်”

ယုကျင်းရွှမ် ပါးစပ်ပွင့်လာပြီး စကားလုံးတစ်လုံးထွက်ကျလာသည်။

“နိုး”

“ဟမ်…မင်းကြိုက်တဲ့သူရှိနေပြီလား၊ သူက မင်းတို့ကျောင်းကပဲလား၊ အဲ့လိုဆို သူကမင်းထက် အသက်ကြီးမှာ သေချာတယ်” နောက်တော့မှ သူမ စိတ်ချလက်ချပြောလာသည်။ “မစိုးရိမ်ပါနဲ့ ငါက ခက်ထန်တဲ့ ယောက္ခမမျိုးမဟုတ်ပါဘူး”

ယုကျင်းရွှမ်မှာ အမေဖြစ်သူကို စိတ်ပင်မဆိုးနိုင်လေတော့။

လူရှုပ်ရှုပ်ကို မကြိုက်သဖြင့် သူ့မွေးနေ့တစ်ခုလုံးကို အိမ်တွင်သာကျင်းပခဲ့သည်။

ညနေပိုင်းရောက်သည့်အခါတွင် သူအနည်းငယ်တွေဝေနေပြီးမှ လင်းမြောင်ထံ မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။

ခဏနေတော့ သူမဆီက စာပြန်လာသည်။

“ကိုကို ငါနဲနဲအလုပ်ရှုပ်နေလို့ ၊ ငါတတ်နိုင်သမျှမြန်မြန် ပြန်ဖုန်းဆက်လိုက်မယ်နော်”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now