(Unicode) Chapter 55 : ပြိုင်ပွဲပြိုင်နေစဉ်

4K 599 19
                                    

Unicode

မေမေယုလည်း မုချင်းချင်းကို အနိုင်ကျင့်လို့ဝသွားချေသည်။ တကယ်တော့လည်း သူမက ကလေးမလေးတစ်ယောက်သာ။ ထို့ကြောင့် နည်းနည်းလောက်ဆိုရုံဖြင့် လုံလောက်နေပြီ။

ဒီလို ကလေးမလေးတစ်ယောက်က အွန်လိုင်းပေါ်မှာ ဒီလိုလုပ်ရဲတဲ့ အရည်အချင်းမျိုးရှိမယ်မှန်း မေမေယု မထင်ထားခဲ့ဘူး။ သူမရဲ့မှတ်ဉာဏ်တွေအရ အွန်လိုင်းပေါ်မှာ သူမ လိုပြုမူသူများဟာ သတ်လတ်ပိုင်း အသုံးပြုသာများသာဖြစ်ကြသည်။

ထို့ပြင် သားဖြစ်သူရှေ့တွင် သူမက ပုံမှန်အတိုင်း သရုပ်ဆောင်ပြလိုက်သေးသည်။

လေယာဉ်ပျံသန်းနေစဉ် ခရီးတစ်ဝက်တွင် သခင်လေးအမေက မိတ်ကပ်တွေပြန်ပြင်ဖို့ သန့်စင်ခန်းသို့ သွားလေသည်။

ဒါပေမယ့် သန့်စင်ခန်းသို့သွားရတွင် မုချင်းချင်းက စင်္ကြံတစ်လျှောက် သူ့မနောက်ကနေ လိုက်လာကြောင်း သတိပြုမိလိုက်၏။

အဲ့တော့ကော ဘာအရေးလဲ။

တည်ငြိမ်စွာ သူမလက်တွေဆေးကြောနေလိုက်၏။

လှည့်ကြည့်လိုက်တော့ ထိုကလေးမက မောက်မောက်မာမာပြောလာသည်။

“ဟဲ့ ခုဏတုန်းက နင့်ကျင်းရွှမ်လက်မောင်းပေါ်မှာ အိပ်နေတာ ငါမြင်လိုက်တယ်၊ နင်တို့က တကယ်ပဲ ရင်းနှီးကြလို့လား?”

“တကယ့်တော့ မဟုတ်ဘူး၊ ငါကအရမ်းအိပ်ချင်နေလို့ သူ့ပေါ်မှီပြီးနားလိုက်တာလေ ဘာဖြစ်လို့လဲ”

“ဒီအတိုင်းမေးတာပါ” မုချင်းချင်းတစ်ယောက် ဒေါသပုန်ထသွားလေပြီ။ ကောက်ကာငင်ကာပေါ်လာတဲ့ ဟိုညီမဆိုတဲ့တစ်ယောက်ကိုမေ့ထားအုန်း ဒီတစ်ယောက်ကရော ဘယ်သူတုန်း?”

မုချင်းချင်းသည် ကလေးကတည်းက အလွန်အလိုလိုက်ခံထားရသည်။ သူမငယ်ငယ်တုန်းက သူမရဲ့အဖွားက ယုကျင်းရွှမ်အဖွားနှင့်ပတ်သတ်ဆက်နွယ်မှုကို အသုံးချကာ ယုမိသားစုဆီသို့
ပို့ခဲ့လေသည်။ ဒါပေမယ့်  ယုမိသားစုတွင်နေစဉ် သူမက ဒေါသထွက်ကာဝုန်းဒိုင်းကြဲသဖြင့် အချင်းချင်းမျက်နှာပျက်ကြကာ ယုကျင်းရွှမ်ကိုတွေ့မြင်ဖို့ တားမြစ်ကန့်သတ်ခံလိုက်ရတော့သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now