Chapter 60

4.7K 619 8
                                    

Unicode

အချစ်ဦးတွေက ဘယ်တော့မှ အဆုံးသတ်မကောင်းဘူးဆိုပြီး ယုံတမ်းစကားရှိတယ်

လူတိုင်းလူတိုင်း စိတ်ပါဝင်စားစွာ နားထောင်နေကြသည်။ ပိတ်ရက်မတိုင်ခင် နောက်ဆုံးအတန်း ဖြစ်သည်မလို့ မည်သူမှ အတန်းမလစ်ရဲ့ကြ။ ထို့ကြောင့် ဒီအချိန်အပိုင်းလေးက အဓိကကျတယ်ဟု အလွယ်တကူ ကောက်ချက်ချနိုင်သည်။

လင်းမြောင် တစ်စက်ကလေးတောင် နားမလည်ဘူး။ ဒါပေမယ့် သခင်လေးကို မနှောင့်ယှက်မိအောင် ငြိမ်ငြိမ်လေးသာနေ၏။

ဘယ်လက်ဖြင့် ကိုကို့ရဲ့ရှပ်အင်္ကျီကိုဆွဲထားပြီး ညာဘက်လက်ဖြင့် မေးထောက်ထားသည်။ သူမရဲ့ခုံမှာထိုင်နေပြီး ပါမောက္ခရဲ့စကားတွေကို နားလည်အောင်ကြိုးစားနေလေသည်။

သူမရဲ့ကြိုးပမ်းမှုက အချည်းအနှီးသာ၊ ဒါပေမယ့် သူမ စိတ်အားမငယ်လေဘူး။ သူမက ကလေးမှမဟုတ်တော့ပဲ…

ရုတ်တရက် လက်တစ်ဖက်က သူမရဲ့ဘယ်လက်ကို လာထိသည်။

လင်းမြောင် ခဏလောက် တန့်သွားရပြီး သူမရဲ့အကြည့်တွေကို သင်ရိုးစာအုပ်နေ ဖယ်ခွာကာ သခင်လေးအား စိုက်ကြည့်လိုက်သည်။ သူက သင်ခန်းစာထဲမှာ အာရုံစူးစိုက်ထားတယ်ဆိုပေမယ့် စာလိုက်မှတ်နေတာကိုရပ်ပြီး ထို့အစား သူ့ရဲ့ညာလက်ကိုအောက်ချကာ သူမရဲ့လက်ကိုကိုင်ထား၏။

လင်းမြောင် တောင့်ခဲ့သွားကာ ရှက်သွေးဖြန်းနေလေတော့သည်။

သူမက ကိုကို့ရဲ့ အင်္ကျီအစွန်းကိုသာ ဘယ်လက်ဖြင့် ဆွဲထားခဲ့တာကြောင့် သူက သူမရဲ့လက်ကို သူ့ရဲ့ညာလက်ဖြင့်  လျော်ညီစွာ ဆွဲကိုင်ထား လိုက်တာပေါ့...

လင်းမြောင် လွှတ်ပေးဖို့ပြောပြီး တခြားသူတွေလို သူ့အား မှတ်စုလိုက်ရေးစေချင်ပေမယ့် စာသင်နေချိန် သူမ အသံထွက်ပြောဖို့ အဆင်မပြေပါချေ။

ထို့ကြောင့် လင်းမြောင် သူ့စာအုပ်ကိုဆွဲယူကာ သူ့အတွက် မှတ်စုလိုက်ရေးပေးလိုက်၏။

သူမနားမလည်လည်း ဘာမှတော့မဖြစ်ဘူး…သင်နေတာတွေအားလုံးကို လိုက်ကူးရေးနေရုံသာ။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now