(Unicode) Chapter 41 :နိုင်ငံတကာ ပြိုင်ပွဲ

4.7K 640 23
                                    

Unicode

သူပြင်ဆင်ထားခဲ့တဲ့လက်ဆောင်ကို လာပို့သွားပြီဆိုတာ သခင်လေး သတိရလိုက်သည်။ ထို့ကြောင့် တခြားအခန်းကိုသွားပြန်ယူလေ၏။

ထို့နောက် လင်းမြောင်ရဲ့ ညဝတ်အင်္ကျီလက်ကို မတင်ကာ အသားပေါ်ဆေးတချို့ လိမ်းပေးလိုက်သည်။

အစတုန်းက သူ့လက်ဆောင်ကို  ပါဆယ်ပို့လိုက်ဖို့သာ ရည်ရွယ်ထားသည်ဖြစ်၍ သူနဲ့အတူ မယူလာခဲ့ပေ။ အခုတော့ သူမနဲ့တွေ့ဆုံရပြီမလို့ ဒါဟာ လက်ဆောင်ပေးဖို့ အခွင့်ကောင်းတစ်ခုဟု သခင်လေး ထင်မိသည်။

လင်းမြောင်ကတော့ အိပ်ရာပေါ်မှာ မလှုပ်မရှားအိပ်လို့နေစဲ။ ဆေးလိမ်းပေးပြီးနောက် သခင်လေး သူမကိုကြည့်လိုက်မိတော့ သူမပြောတဲ့ နှလုံးသားကပြည့်နေတယ်ဆိုတာ ဘာကိုပြောတာမှန်း စတင်နားလည်သွားရသည်။

နောက်တစ်နေ့  နံနက်ခင်းမှာ လင်းမြောင်နိုးလာခဲ့ပြီး အိပ်ရာပေါ်ကနေ ခုန်ထလိုက်၏။
ပြောနေသည်မှာ …
“ညီမလေး ကျင်း ၊ ညီမလေး  ကျင်း ၊ထတော့၊ ငါတို့နောက်ကျနေပြီထင်တယ်”

“ဒီမှာ ဘယ်ညီမလေးကျင်းမှ မရှိဘူး ၊ မင်းရဲ့ကိုကိုပဲ ရှိတယ်!” သခင်လေးရဲ့အသံဟာ သူမနားထဲသို့ သီချင်းသံလေးလို့ ပျံ့လွှင့်လာ၏။

နားဝင်ချိုလှသာအသံလေးနောက်မှလိုက်လျက် သခင်လေးက ရေချိုးခန်းမှ လျှောက်၍ထွက်လာကာ သူမကို ပဝါတစ်ထည် ကမ်းပေးလာသည်။ “စိတ်မပူနဲ့  ၊ ငါမင်းရဲ့ နည်းပြကြီးကို ဖုန်းဆက်ပြီးပြီ၊ ငါတို့ မင်းကို ကျောင်းပြန်ပို့ပေးမယ်”

သူနိုးလာတဲ့အချိန်တုန်းက လင်းမြောင်ကို သူမနိုးရက်ခဲ့ဘူး၊ ထို့ကြောင့် သူမတို့ကျောင်းက ဆရာတွေထံ ဖုန်းခေါ်လိုက်လေသည်။

ထို့တွင်မှ လင်းမြောင်ဟာ မနေ့က ကိုကို သူမတို့ဟိုတယ်ကို လာလည်ခဲ့တာကို အမှတ်ရသွား လေတော့သည်။

သူမ အိပ်ရာပေါ်ကနေထပြီး သခင်လေးဆီပြေးသွားကာ ဖက်လိုက်၏။ “ Good morning ကိုကို ၊ ငါနိုးလာလာချင်း ကိုကို့ကို မတွေ့ရတာ တော်တော်တောင်ကြာခဲ့ပြီ၊ ဒီနေ့က ပျော်ဖို့ကောင်းတဲ့နေ့ပဲ!”

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now