Chapter 104

4.8K 490 4
                                    

Unicode

ထျန်ကျင်းရဲ့ ဖန်ဘွိုင်းလေး (၁)

ထျန်ကျန်း တရုတ်စကားကို နားလည်တတ်စကတည်းက သူမ အမေရဲ့လက်သုံးစကားမှာ “ဒါတွေအကုန်လုံးက နင်ကယောက်ျားလေးမဟုတ်နေတာကြောင့်ပဲ”

စကားအစပ်အဆက်မရှိဘဲ အမေက ဒီစကားကို ပြောလာတတ်သည်။ထို့ကြောင့် သူမအမေ နေ့စဉ်နေ့တိုင်း ဒီလိုပြောနေတာကို နားမထောင်ချင်သဖြင့် သူမကိုယ်သူမ ယောက်ျားလေး တစ်ယောက်ဖြစ်သွားဖို့ ဆုတောင်းမိခဲ့သည်။

နောက်ပိုင်းတော့ သူမဦးလေးလာလည်သည့်အခါ  သူမရဲ့ကိုယ်လုံးကိုယ်ပေါက်က ကြက်တောင်ရိုက်ဖို့ သင့်တော်သည်ဟု သူက အကြံပြုလာခဲ့သည်။

ဤသို့ဖြင့် လင်းမြောင်နဲ့ အားကစားအကယ်ဒမီတစ်ခုတည်းမှာ ဆုံဖို့ဖြစ်လာရတော့သည်။

ပထမဆုံးနေ့အဆောင်တွင် သူမက အစွန့်ပစ်ခံလိုက်ရသည်ဟု ခံစားနေရသည်။ သူမရဲ့ ပန်းရောင်အိပ်ရာလေးနှင့် ဝက်ဝံရုပ်လေးတွေလည်း မရှိတော့ချေ။

အရာအားလုံးက အဝေးသို့ရောက်သွားခဲ့ပြီ။

ထျန်ကျင်းပေါက်စလေးက အမေဖြစ်သူပြောတာကို တွေးနေမိသည်။ သူမ ရွှေတံဆိပ်ရဖို့လိုသည်။ သူမ ရွှေတံဆိပ်ဆုရမှ အဖေက သူမကို ချစ်လာလိမ့်မည်။

တခြားသူများရဲ့အဖေတွေသကဲ့သို့ သူမလည်း အဖေ့ဆီကအချစ်ကို လိုချင်နေစဲဖြစ်ပါ၏။

သူမ သူငယ်တန်းတက်တုန်းက အတန်းဖော်တွေရဲ့အဖေတွေက လာကြိုကြကာ သူတို့ရဲ့ လွယ်အိတ်တွေပင် ကူလွယ်ပေးကြပြီး ကျောင်းကနေခေါ်ပြန်သွားကြတာကို သူမ မကြာခဏ မြင်တွေ့ခဲ့ရသည်။

သူမလည်း ထိုကဲ့သို့ ဆက်ဆံခံရချင်သည်။

ထို့စဉ် သူမရဲ့ အခန်းဖော်ဝင်လာသည်။ သူမထက်ခေါင်းတစ်ဝက်စာ အရပ်ပိုရှည်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမရဲ့ အပြုံးက ပန်းတွေဖူးပွင့်သကဲ့ လှပလွန်း၏။

ထျန်ကျင်းပေါက်စလေးမှာ သူမကိုဖော်ပြဖို့ စကားလုံးကို စဉ်းစားလို့မရခဲ့ပါချေ။ သူမနှင့် အကောင်းဆုံး သူငယ်ချင်းတွေသာ ဖြစ်လာချင်ခဲ့သည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now