(Unicode )Chapter 12: ပြောင်းဖူးဖုတ်နဲ့ စပ်လျဉ်း၍

5.5K 806 29
                                    

Unicode

လင်းမြောင်သူမရဲ့ အချိန်အများစုကို များသောအားဖြင့် သခင်လေးရဲ့အခန်းထဲမှာသာ ကုန်ဆုံးနေလေ့ရှိသည်။ဒီလိုနေလို အနှောင့်အယှက်မဖြစ်သေးသ၍ပေါ့။ထပ်ပြောရရင် သူမကိုအဖွားသခင်မကြီးက ခေါ်ထားတာ။ဆရာဝန်သော်လည်းကောင်း အိမ်တော်ထိန်းကြီးသော်လည်းကောင်း ဝင်စွက်ဖက်လို့ရမည်မဟုတ်ချေ။

လင်းမြောင်က သခင်လေးဆေးသွင်းတာကိုစောင့်ကြည့်ရတဲ့အလုပ်ကို သူမလုပ်နေရတုန်းပါပင်။

ဒီနေ့သူမ တာဝန်ထမ်းဆောင်နေချိန်မှာ အပြင်က တိမ်စိုင်တွေဟာမီးတောက်မီးလျှံတွေလိုမျိုး အနီရောင်သန်းနေတာကို လင်းမြောင်သတိထားမိသွားသည်။

လင်းမြောင်သခင်လေး ထလို့ရအောင်ကူညီပေးလိုက်ကာ

“ကြည့်….ကြည့်…”

သခင်လေးကို သူ့အခန်းထဲကနေဆွဲထုတ်လိုက်လာခဲ့လိုက်သည်။

ဒုတိယထပ်မှာ ကြီးမားကျယ်ဝန်းတဲ့ ဝရန်တာ ရှိလေသည်။
ခဏလေးနဲ့ သူတို့ရောက်သွားပီး ရဲရဲနီနေတဲ့တိမ်တိုက်တွေကို မော့ကြည့်လိုက်မိကြသည်။
နှစ်ယောက်သား မျက်လုံးမပြူးပဲမနေနိုင်ကြပါချေ။

ဆရာဝန်က ချက်ချင်းရောက်လာလေသည်။ သခင်လေးက ဆရာဝန်ကိုစိုက်ကြည့်လိုက်ရင်း လင်းမြောင်ကို အထဲဆွဲသွင်းလိုက်သည်။

ဆရာဝန်က သူတို့နောက်ကနေလိုက်လာ၏။
သူတို့နှစ်ယောက် အကြည့်တွေဖလှယ်လိုက်ပြီး သခင်လေးက ပါးစပ်လှုပ်ရုံပြောလာသည်။
“သခင်လေးရဲ့ ခန္ဓာကိုယ်ကမကောင်းသေးဘူး သူ့ကိုလေတိုက်မခံစေနဲ့”

ချက်ချင်းဆိုသလိုပဲ နောက်ကဆရာဝန်က သတိပေးလာသည်။
“သခင်လေးရဲ့ ခန္ဓာကိုယ်ကမကောင်းသေးဘူး သူ့ကိုလေတိုက်မခံစေနဲ့”

သူ့ပုံစံက ဆရာဝန်ရဲ့အမှုအရာနဲ့ ကွက်တိပဲ!
လင်းမြောင်ရယ်ချင်စိတ်ကို မြိုချထားလိုက်၏။

အခန်းကိုပြန်ရောက်ပြီး ဆရာဝန်ထွက်သွားတာကိုမြင်တော့မှ ရယ်ချင်နေတာကိုဖွင့်ချလိုက်တော့သည်။ သူတို့နှစ်ယောက်သား ပြူတင်းပေါက်ကနေ တိမ်တွေကိုကြည့်နေကြသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Donde viven las historias. Descúbrelo ahora