Chapter 74

4.3K 624 35
                                    

Unicode

  လူအများရဲ့ တုံ့ပြန်မှု

ထင်ထားတဲ့အတိုင်း လင်းမြောင်ပဲ ရှုံးပြန်သည်။

သူမက အရှုံးကိုကျင့်သားရနေပြီ။ သူမ စိတ်ဓာတ်ကျသွားတာက အရင်လို ပွဲကြာကြာမကစား နိုင်တော့လို့ပင်။

တကယ်လို့ပဲ ဒီလိုရှုံးနိမ့်မူကို ရင်းနှီးနေခဲ့ပါ၏။

သူမ အမြန်ဆက်ပြီး စာလေ့လာသည်။ အခု ကစားလိုက်တာကြောင့် ပိုပြီးလန်းဆန်းသွားရသည်။

ဇယားကွက်သေးသေးလေးတွေ ပြည့်နေတဲ့စာရွက်ကိုကြည့်ပြီး ယုကျင်းရွှမ်နှုတ်ခမ်းက အပြုံးတစ်ခုအဖြစ်သို့ တွန့်ကွေးသွားရသည်။ သူ့ဖုန်းကို မနေနိုင်ဘဲ ထုတ်လိုက်မိသည်။

ယုကျင်းရွှမ်နဲ့ လင်းမြောင်ရဲ့ အင်တာနက်ပရိတ်သတ်တွေက အရင်တုန်းက သူတို့ရဲ့မွေးနေ့မှာ အချင်းချင်းရန်ဖြစ်ထားခဲ့ကြသည်။ ဒါပေမယ့် သူ့အမေက လင်းမြောင်ရဲ့ကြက်တောင်ပရိသတ်ဆိုတာ သိပြီးကြတဲ့နောက် ဒီအာဃတတွေကို ဘေးချိတ်လိုက်ကြပြီး တစ်ဖက်နဲ့တစ်ဖက် ထိုးစစ်ဆင်နေတာ မလုပ်ကြတော။

ပြီးခဲ့တဲ့မွေးနေ့မှာ ငြင်းခုံရန်ဖြစ်ခဲ့ကြသော်လည်း နှစ်ဖက်ပရိတ်သတ်တွေဟာ သတင်းအသစ်ရှားပါးသော အခြေအနေချင်းတူညီစွာ ခံစားနေကြရသည်။ လင်းမြောင် နဲ့ယုကျင်းရွှမ်က ပို့စ်တစ်ခုမှ မီဒီယာသတင်းအသစ်တစ်ခုမှမရှိတာ လအတော်ပင်ကြာလှပြီ။ ပရိတ်သတ်နှစ်ဖွဲ့လုံးကို ဘယ်သူက သူတို့ရဲ့အိုင်ဒေါကို ‘အချစ်စစ်နဲ့ချစ်သလဲ’ဆိုတာကို စစ်ချပေးလိုက်သည့်နှယ်။

အခုတော့ ယုကျင်းရွှမ်က တိတ်ဆိတ်မှုကိုဖြိုခွင်းပြီး weibo တွင်ရှားရှားပါးပါး ပို့စ်တစ်ခုလာတင်သည်။

ယုယုယုယုယုယု : “3562 (ဓာတ်ပုံ)”

ထိုပုံက A4 စာရွက်တစ်ပုံဖြစ်သည်။ ဇယားကွက်များဖြင့်ပြည့်လို့နေကာ ဇယားကွက်တိုင်းတွင် အမှတ်အသားများဖြည့်ပြည့်နေ၏။

သူ့ရဲ့ပရိတ်သတ်များအား ခေါင်းစားသွားစေသည်။ ဒါကဘာကြီးလဲ? ဝှက်စာလား?

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now