Chapter 64

4.2K 595 28
                                    

Unicode

ငါ့အစ်ကို အရင်းမဟုတ်ဘူး

“ကိုကြီးဆွေ့ နင့်အစ်ကိုက အရမ်းကြည့်ကောင်းတာပဲ!”

ထျန်ကျင်းက ဝန်ခံလာပြီး ထပ်ပြောလာသေးသည်။

“နင်တို့နှစ်ယောက်က ရုပ်မတူကြတာဆိုးလိုက်တာ”

ကိုကြီးဆွေ့ကလည်း လှတယ်ဆိုပေမယ့် အစ်ကိုဖြစ်သူရဲ့ လူလို့တောင်မထင်ရတဲ့ ချောမောမူနဲ့ ယှဉ်ရင်တော့ အနည်းငယ် လိုအပ်နေသေးသည်။

ထို့နောက် အတွေးတစ်ခု ထျန်ကျင်းခေါင်းထဲသို့ ပြေးဝင်လာသည်။

“ကိုကြီးဆွေ့ နင့်အမေက ရုပ်ရှင်ဘုရင်မ လား?”

တစ်ခုခုတော့ လွဲနေပြီ။ အရင်တုန်းက ကိုကြီးဆွေ့ရဲ့အိမ်ကို ထမင်းစားဖို့ လိုက်သွားလေ့ရှိခဲ့သည်။ သူမရဲ့အမေက အင်မတန်မှ သိမ်မွေ့တဲ့အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ သူမအသံက နူးညံ့ပြီး တိုးလျ၏။ သူမသည် ဘေးနားကသူတွေကို ကျေနပ်နှစ်သိမ့်ပေးနိုင်စွမ်းပေမယ့် သူမပုံစံက ရုပ်ရှင်ဘုရင်မနဲ့တော့ မတူပါချေ။

အရင်တုန်းက ညီမလေးကျင်းကို မပြောခဲ့ဖူးဘူးဆိုတာ လင်းမြောင် သတိရလိုက်သည်။
“ငါ့အစ်ကိုရဲ့အမေနဲ့ ငါ့အမေက မတူဘူး”

“အမေနှစ်ယောက်နဲ့ အဖေတစ်ယောက်လား?”

“အဖေလည်းပဲ မတူဘူး”
လင်းမြောင် အမြန်ပင်ထပ်ပေါင်း ပြောလိုက်ရသည်။

“နင်တို့က ဝမ်းကွဲတွေလား” သူတို့ရဲ့ မျိုးရိုးနာမည်တွေက မတူကြတာ မဆန်းတော့ဘူး။

“ဟင့်အင်း ငါတို့က သွေးမတော်ကြဘူး” လင်းမြောင် ပြောလာသည်။

ထျန်ကျင်းတစ်ယောက် မျက်မြင်ကမ္ဘာကြီး ပြိုလဲကျသွားရသည့်နှယ်။ သူတို့က ဘာသွေးမှ မတော်စပ်ကြဘူး! သွေးမတော်သားမစပ်ကြဘူး!  သူမ မြင်တွေ့ရင်း ကြီးပြင်းလာခဲ့ကြတဲ့ ဒီ “မောင်နှမ” ဆိုတာက ဘာသွေးသားမှ မတော်စပ်ကြဘူးတဲ့!

ကိုကြီးဆွေ့ရဲ့အစ်ကိုကို ထျန်ကျင်း အသက် ၇နှစ်အရွယ်ကတည်းက မြင်တွေ့လာခဲ့ရတာဖြစ်သည်။ သူမနှင့်လင်းမြောင်က အခန်းဖော်ဖြစ်လာခဲ့သည်မှာ ကျောင်းကို ဝင်လာခါစ ကတည်းကပင်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now