(Unicode)Chapter 38 : ချစ်သူကောင်လေး

4.9K 664 11
                                    

Unicode

ထျန်ကျင်းသူမကို လာနှိုးတော့မှသာ လင်းမြောင် ဖုန်းပြောရင်း မတော်တဆ အိပ်ပျော်သွားတာမှန်း သတိထားမိလေတော့သည်။

“ဆွေ့ဆွေ့ အမြန်သွားနားတော့ ငါတို့ နောက်မှ စကားပြောလို့ရတယ်” တစ်ခြားတစ်ဖက်က သခင်လေး ဆိုလာသည်။

သူတို့စကားပြောဖို့အတွက် အခွင့်အရေးဟာ နည်းပါးလွန်းလှသည်။ တဖြည်းဖြည်းနဲ့ ဆက်တိုက် လျော့ပါးလာသလိုတောင် သခင်ခံစားမိသည်။

ကြည့်ရတာ အဲ့လိုဖြစ်ပုံပဲ။ လင်းမြောင် အားကစားအကယ်ဒမီကို ရောက်ခါစက သူ့ဆီကို နေ့တိုင်း ဖုန်းဆက်ပြီး အပတ်တိုင်း သူ့နဲ့တွေ့ဖြစ်ကြသည်။

အခုတော့ အခါအားလျော်မှသာ ဖုန်းခေါ်နိုင်တော့သည်။ သခင်လေး မသွားဖြစ်တာ နှစ်လလောက်ပင် ကြာချေပြီ။

ကြက်တောင်အားကစား လေ့ကျင့်ရေးဟာ လင်းမြောင်ရဲ့ အချိန်အများစုကို သိမ်းပိုက်လို့ထား၏။ သွက်လျက်ဖြတ်လတ်သောအားကစားသမားတွေနဲ့ အဆက်မပြတ်တဲ့ပွဲစဉ်တွေကို ကြည့်ရှု့ပြီးတဲ့နောက် သခင်လေးလည်း  စာပြန်ဖတ်ဖို့ လုပ်ရတော့သည်။

လင်းမြောင် သူမရဲ့ပြိုင်ပွဲမတိုင်ခင် အနီးဆုံးရက်တွေတွင် လေ့ကျင့်မှုတွေက သိပ်မပင်ပန်းတော့ကြောင်း သတိထားမိလာသည်။သို့သော်လည်းပဲ ထျန်ကျင်းနဲ့သူမဟာ ကြက်တောင်ရိုက်ဖို့နဲ့ ကျန်းမာကြံ့ခိုင်စေဖို့  တွန်းအားပေးထားတဲ့ တင်းကြပ်လှသော အချိန်စာရင်းတွေနဲ့ ကျင့်သားရနေကြပြီဖြစ်သည်။

ပြိုင်ပွဲကြီးပြိုင်မယ့်ရက်ဟာ လျှင်မြန်စွာပဲ နီးကပ်လို့လာချေပြီ။

ထျန်းကျင်းသည် သူမရဲ့ပထမဆုံးပြိုင်ပွဲက စိတ်ဒဏ်ရာဟာ အရိပ်တစ်ခုလိုလိုက်နေစဲပင်။ သူမရဲ့မိဘတွေက သူမကို နားလည်ပေးနိုင်သွားပြီဖြစ်စေကာမူ သူမရဲ့ မိဘတွေ ပြိုင်ပွဲကို လာကြည့်တဲ့အခါ သူမအမြဲတမ်း ဖိအားတွေ  ခံစားရ၏။ ထို့ကြောင့် ပြိုင်ပွဲတွေအကြောင်း မိဘတွေကို သူမ မပြောပြဖြစ်တော့။

လင်းမြောင်ရဲ့ အကြောင်းပြချက်က အများကြီး ပိုရိုးရှင်းလှသည်။ သူမ ရမှတ်တွေကို ပူပန်စရာလည်း မလိုသလို အရှက်ရစရာလည်း မရှိတော့သည်ဖြစ်၍ ပွဲကြည့်ပရိသတ် လူစိမ်းတွေရှေ့မှာ ပိုပြီးသက်တောင့်သက်သာဖြစ်လေသည်။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Donde viven las historias. Descúbrelo ahora