Unicode
သူမရဲ့ ကိုကိုက ကျောင်းအကြောင်း သိချင်နေလေပြီ။
လင်းမြောင်အကြပ်ရိုက်လို့နေ၏။ ကျောင်းမှာပျော်စရာကိစ္စမျိုးပြောဖို့ရှိမနေပါချေ။
“ကျောင်းကပျော်ဖို့ မကောင်းဘူး”
လင်းမြောင်ဆက်၍ ပြောလာလေသည်။
“ဆရာမတွေကမကောင်းဘူး ငါနောက်ကျရင်ကျတော့ မတ်တပ်ရပ်ပြီး အပစ်ပေးခံရတယ် တခြားကျောင်းသားတွေနောက်ကျရင်တော့အဲ့လိုမလုပ်ဘူး”သခင်လေးရဲ့လှပတဲ့မျက်ခုံးလေး ကျုံ့သွားကာ
“မတရားတာပေါ့”လင်းမြောင်သဘောတူကြောင်းခေါင်းညိမ့်လိုက်၏။
“ဟုတ်တယ်အရမ်းမတရားဘူး”သူမအမေက သူမအပေါ် မျှော်လင့်ချက်ကြီးတာကြောင့် သူမဒါတွေကို ဘယ်တော့မှပြန်မပြောပြ ခဲ့ပေ။
ဒါ့အပြင် ပိုအရေးကြီးတာက ဆရာများနေ့တုန်းက သူမရဲ့အတန်းဖော်တွေက ဆရာတွေကို လက်ဆောင်တွေအများကြီးပေးကြလေသည်။လင်းမြောင်က ဆရာမကို သူမအမေပေးလိုက်တဲ့ မီးခိုးကျပ်တိုက်ထားတဲ့ ဝက်ပေါင်ခြောက်ကိုပေးခဲ့တာကြောင့်ဆရာမက သူမကိုအတန်းထဲမှာ လှောင်ပြောင်ခဲ့လေသည်။ လင်းမြောင်က ဆရာမကိုလုံးဝမကြိုက်။ သူမကဖတ်စာအုပ်ထဲမှာပါတဲ့ ဆရာကောင်းဆိုတာနဲ့ အများကြီးကွဲလွဲနေပေ၏။
သူမက ဒါတွေကို သူမအမေကိုလည်းပေးမသိမခဲ့ပါချေ။ဘယ်လိုပဲဖြစ်ဖြစ် သခင်လေးကတော့မတူ သူကကျောင်းမသွားနိုင်ပေ။ ကျောင်းမသွားနိုင်တာလဲကောင်းတာပဲ ဟုလင်းမြောင်တွေးမိသည်။
ဒါ့ကြောင့် သခင်လေးကိုတော့ ဘာမဆိုပြောဖို့ဆန္ဒရှိပေသည်။
“ငါ့အတန်းဖော်တွေကလည်း အရမ်းဆိုးဝါးလွန်းတယ်”
လင်းမြောင်ဆက်လျက်
“ငါ့ဆံပင်ကို ဆွဲလို့သူတို့နဲ့တောင်ရန်ဖြစ်ခဲ့ရသေးတယ်”လင်းမြောင်ပြင်းထန်ထန် မခံချိမခံသာဖြစ်လာကာ
“ပြီးတော့ ငါသူတို့ကို ငိုအောင်လုပ်ပစ်လိုက်တယ်”သခင်လေးမှာ သူမမာန်တက်နေမယ့်ပုံကိုမြင်ယောင်ကာ မကူကယ်နိုင်စွာပဲ ရယ်မိတော့၏။
YOU ARE READING
||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )
Romance#Copy right မိမှာစိုးလို့ နာမည်ပြောင်းထားပါတယ် Title: I give half of my life to you Author: 城南花开 Genre: Romance *I don't own this novel * *I just translate this.* *All credit goes to original author*