Chapter 88

3.9K 549 4
                                    

Unicode

ဆံပင်ရှည်နဲ့ မိန်းကလေး

လင်းမြောင်က ရည်းစားစာအကြောင်း တစ်စကလေးမှမသိလေဘူး။ ပိတ်ရက်မတိုင်မီက သူမ စိတ်ထွေခဲ့တဲ့ကာလကလွဲလျှင် လင်းမြောင်က တည်ငြိမ်သည်။ သူမရဲ့ကိုယ်ပိုင်ခြေလှမ်းနောက် ကိုလိုက်လျက် စာလေ့လာသည်။ ထရိန်နင်ဆင်းသည်။ ယုကျင်းရွှမ်နဲ့ စကားပြောလေ့ရှိသည်။ သူမရဲ့ အချိန်စာရင်းက ပြည့်ကျပ်မြဲပြည့်ကျပ်စဲဖြစ်ပြီး တခြားထွေရာလေးပါတွေးဖို့ အချိန်မရှိပါချေ။

နည်းပြကြီးက သူမကို တခြားနည်းနဲ့ တက္ကသိုလ်တစ်ခုခုကို ဝင်နိုင်တယ်လို့ အကြံပြုပေမယ့် လင်းမြောင်ကတော့ တခြားသူတွေလို စာလေ့လာပြီး စာမေးပွဲဖြေတာကသာ အကောင်းဆုံးလို့ တွေးနေမိစဲဖြစ်၏။

ယုကျင်းရွှမ်ရဲ့ တက္ကသိုလ်ကို သွားလည်ခဲ့တဲ့ မှတ်ဉာဏ်တွေက သူမခေါင်းထဲတွင် ကမ္မည်းရေးထိုးလို့ထားသည်။ ထိုအချိန်က ပါမောက္ခကြီးပြောနေတာတွေကို သူမ နားမလည်နိုင်ခဲ့။

သူမ အပတ်တကုပ်ကြိုးစားဖို့လိုသည်။ ဒါမှ အနည်းဆုံးတော့ လက်ချာတွေကို နားလည်နိုင်မှာဖြစ်သည်။

လေ့ကျင့်ရေးကို မထိခိုက်တာမြင်တော့ နည်းပြကြီးကလည်း လင်းမြောင်ကို သူ့လမ်းသူသာ ဆက်လျှောက်စေသည်။

လင်းမြောင်က ပြိုင်ပွဲပြီးသွားရင် လူထုအမြင်ကနေ ပျောက်သွားတတ်စဲ။ အံ့ဩဖို့ကောင်းစွာ သူမရဲ့ စွမ်းဆောင်ရည်တွေက တိုးတက်လို့သာလာနေသည်။ အသက်ကြီးလာတာနဲ့အမျှ သူမရဲ့ အသွင်အပြင်ကလည်း ပြောင်းလဲလို့ လာခဲ့ချေပြီ။

သူမရဲ့မျက်နှာလေးက ပြုံးချိုလာသည်။ ပြိုင်ပွဲကို တက်ကြွစွာကစားခဲ့ပြီး သူမရဲ့မျက်နှာကို လူရှေ့သူရှေ့ပြဖို့ မချင့်မရဲဖြစ်နေသည်က ချစ်စရာကောင်းလှသည်။

အထူးသဖြင့် လေပေါမထျန်ကျင်းက လင်းမြောင်အကြောင်း လူသိရှင်ကြားထုတ်ပြောတတ်သဖြင့် သူမက  ပရိတ်သတ်တွေအတွက် သံလိုက်ပမာ ဖြစ်နေလေသည်။

လင်းမြောင်ရဲ့ ပရိတ်အများအပြားက လင်းမြောင်ကြောင့် ဆွဲဆောင်ခံလိုက်ရတာ။ ကြက်တောင်ကြောင့်မဟုတ်ဘူး။

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now