(Unicode) Chapter 7:သစ္စာရှိတဲ့မောင်လေး

6.2K 857 7
                                    

Unicode

သခင်လေးဟာ ကြောင်စီစီဖြစ်သွားပြီးနောက် အောက်ပြန်ချဖို့ ရုန်းကန်တော့၏။
"ငါ့ကိုပြန်ချပေး!!! "
"မစိုးရိမ်ပါနဲ့ဟာ၊ နင်ပြုတ်မကျစေရဘူး၊ တစ်ခါတစ်လေ ငါ အာလူးခြင်းတွေတောင် သယ်ဖူးတယ်၊ နင်ကအဲ့ခြင်းတွေထက်ပိုပေါ့တယ် "

သခင်လေးက သူမရဲ့နောက်ကျောနဲ့ ထိကပ်နေတာမို့ သူမရဲ့ နှလုံးခုန်သံကိုကြားနေရ၏။ သူ့မှာ မသက်မသာဖြစ်လို့နေသည်။ ဘာလို့ဆို လင်းမြောင်ရဲ့ ဆံပင်တိုတွေကက နားအခြေလောက်ထိပဲရှည်၏။ သူမရဲ့လည်ပင်းသွယ်သွယ်ကိုမြင်နေရပြီး ကျန်းမာတဲ့ဝါညိုရောင် မျက်နှာအသားရေနဲ့မတူပဲ ဖြူဖွေးလို့နေသည်။ သခင်လေးရဲ့ ဖြူဖျော့ဖျော့ မျက်နှာဟာ ချက်ချင်းနီတက်လာပြီး သူအလျင်စလိုပြောလိုက်သည်။
" ငါ့ကိုအောက်ချပေး၊ ကိုယ့်ဘာသာကိုယ်လမ်းလျှောက်မယ်"

သူစိတ်ပြောင်းတာမြန်လိုက်တာ သူပြောတော့ မလှုပ်ချင်ဘူးဆို လင်းမြောင်တွေးနေမိ၏။

ထွားကျိုင်းသန်မာတဲ့ သူမရဲ့မောင်လေးနဲ့ မတူစွာပဲ သခင်လေးကိုတော့ အလိုလိုက်ထားသည်။ ဒါကြောင့် ညင်ညင်သာသာပဲ ချပေးလိုက်ပြီး သူ့ကို တွဲကူပေးလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့လှေကားကနေ ဆင်းလာတော့ ဆရာဝန်ကလည်း လှေကားပေါ်တက်လာလေသည်။

သူတို့ကို မြင်တော့ မျက်မှောင်ကြုတ်လာကာ
"သခင်လေးကို ဘယ်ခေါ်သွားမလို့လဲ၊ သူ့ ခန္ဓာကိုယ်က မကျန်းမာသေးဘူး၊ ငါ့ခွင့်ပြုချက်မရဘဲ သူ့ကိုနင်ဘယ်မှခေါ်သွားလို့မရဘူး၊ တစ်ခုခုဖြစ်သွားရင် နင်တာဝန်ယူမှာလား"

လင်းမြောင် အစကတော့ သူ့ကိုမကြောက်ပေ။ ဆရာဝန်က ဖြူဖြူတုတ်တုတ်လေးနဲ့ ခင်ချင်စရာကောင်းပုံပေါ်ပေမယ့်လည်း ဒီတစ်ခါမှာတော့ သူ့စကားလုံးတွေက ရန်ဆောင်နေ၏။ လင်း​မြောင် အနည်းငယ်ထိတ်လန့်သွားရသည်။ သူမတို့အပြင်မှာ ပန်းကြည့်ပြီး စိတ်လန်းဆန်းအောင်လုပ်မလို့ လို့ရှင်းပြချင်ပေမယ့်လည်း ဆရာဝန်ကဒီလိုပြောလာတော့...

သခင်လေးက မျက်ခုံးကျုံ့ထားရင်း မကျေမချမ်းစွာဖြင့်ဆိုလာလေသည်။
"ငါအပြင်ထွက်ချင်လို့ ၊ သူကငါ့ကိုကူရုံပဲ၊ ပြဿနာရှိလို့လား "

||Completed|| ကိုကို့ကို သက်တမ်းတစ်ဝက်ပေးမယ် (ဘာသာပြန် )Where stories live. Discover now