2 [U]

4.2K 912 66
                                    

အပိုင်း ()
🌳သစ်ပင်နှစ်ပင်🌳

ငါ လမ်းလျှောက်တတ်ဖို့နဲ့ စကားပြောတတ်ဖို့ကို တစ်ညလုံး လေ့ကျင့်ခဲ့ရတယ်။

ရှင်းလျဲ့ရဲ့အဖိုးနဲ့ မိဘတွေရှေ့မှာ စကားကို ကရားရေလွှတ် တတွတ်တွတ် ပြောနေခဲ့တာပေါ့။

လေဘယ်လောက်ပွားဖြစ်ခဲ့လဲဆိုတော့ နှုတ်ခမ်းတွေ ခြောက်သွားတဲ့အထိပဲ။ ကြာတော့ ရေဆာလာရော။

အဲ့ဒါနဲ့ ရေရမယ့်နေရာကို လိုက်ရှာတယ်။ ရှာတွေ့သွားတော့ အဲ့ထဲ ခုန်ဆင်းလိုက်ရော။

ငါထင်တာတော့ အဲ့ဒါ လူတွေ ပြောပြောနေကြတဲ့ 'ရေကန်'ဆိုတာလားပဲ။ ငါလည်း ရေသောက်လိုက်ပြီးတော့ အဲ့ဒီထဲမှာပဲ ဆက်စိမ်နေလိုက်တယ်။

ဘာလို့ဆို ငါက သစ်သားတုံးတစ်တုံးပဲလေ။ ရေမှ မနစ်နိုင်ဘဲ။

အဲ့ဒါနဲ့ပဲ ကောင်းကင်ကြီးက တဖြည်းဖြည်း လင်းထိန်လာရော။ ဒီရွာမှာက စောစောထတဲ့လူဆိုတာ မရှိသလောက်ပဲ။ နောက်ဆုံးကျ စောစောထပြီး လမ်းလျှောက်လာကြတဲ့ မိန်းကလေးငယ်ငယ်လေးနှစ်ယောက်ကို အောင်အောင်မြင်မြင်နဲ့ လန့်အောင် လုပ်မိသွားတယ်။ ဘာလို့ လန့်လဲတော့မသိပေမယ့် ငါလည်း ကိုယ်တုံးလုံးနဲ့ပဲ တခြားဘက် ပြေးထွက်သွားတယ်။

ဟုတ်သားပဲ.. ငါ ဝတ်စရာ အဝတ်တွေ ရှာရမယ်။

ဒါပေမယ့် ငါ ခိုးတော့မခိုးသင့်ဘူး။

ခိုးဆိုးလုယက်တာက မကောင်းတဲ့လူတွေပဲ လုပ်တာ။ ရှင်းလျဲ့ ငါ့ကို လာဖမ်းလိမ့်မယ်။

ဟမ်?

အိုး.. ဟုတ်သား.. ဒီနည်းနဲ့ ငါ ရှင်းလျဲ့ကို တွေ့နိုင်တာပဲနော်။

အဲ့ဒါနဲ့ ငါလည်း  အဝတ်နည်းနည်း သွားခိုးလိုက်တယ်။

အဲ့ဒီနောက် ရှင်းလျဲ့က ရဲမဖြစ်သေးဘူးဆိုတာ သိလိုက်ရတယ်။ ဘာလို့ဆိုတော့ ငါ့ကို လာဖမ်းတဲ့လူတွေထဲမှာ ရှင်းလျဲ့ ပါမလာဘူးလေ။

"နာမည်?"

"ထုန်.."

"ဘယ်လို 'ထုန်'လဲ"

"ဝူးထုန်ထဲက 'ထုန်'"

ရဲစခန်းက လူတွေက တော်တော် ဒေါသကြီးတာပဲနော်။

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now