23 [U]

5.3K 888 87
                                    

အပိုင်း (၂၃)
🌳သစ်ပင်နှစ်ဆယ့်သုံးပင်🌳

ဇာတ်သိမ်းပိုင်း ရောက်ပါပြီ။

~~~

နေ့လယ်စာစားပြီးသွားတော့ ရှင်းလျဲ့နဲ့တူတူ အိမ်အသစ်ကို သွားကြည့်တယ်။ ဧည့်ခန်းရယ်၊ အခန်းသုံးခန်းရယ်၊ နေရောင်ကောင်းကောင်းရတဲ့ လသာဆောင်အကြီးကြီးလည်း ရှိသေးတယ်။

အိမ်က အဆောက်အဦကြီးရဲ့ အလွှာမြင့်မြင့်မှာ ရှိတာ။ လသာဆောင်ကနေ အောက်ငုံ့ကြည့်လိုက်ရင် ရေကန်ကြီးကို မြင်နေရတယ်။

ရှင်းလျဲ့က ငါ့ကို မေးတယ်။

"ကြိုက်ရဲ့လား?"

ငါလည်း ခေါင်းတဆတ်ဆတ်ညိတ်ပြီး ပြန်ဖြေလိုက်တယ်။

"ဒါပေါ့"

သူ ငါ့ကို ပြုံးပြုံးလေး ကြည့်နေတော့တာ။

"တော်သေးတာပေါ့"

တစ်အိမ်လုံးကို လျှောက်ပတ်ကြည့်လို့ပြီးသွားတော့ ငါတို့ အခန်းကို ဘယ်လိုအလှဆင်မလဲဆိုတာကို တိုင်ပင်ဖို့ အခန်းဖွဲ့စီမံရေးကုမ္ပဏီကို သွားကြတယ်။ ရှင်းလျဲ့နဲ့ငါနဲ့က လက်ပ်တော့ပ်အရှေ့မှာထိုင်ပြီး အခန်းပုံစံနမူနာတွေကို ကြည့်နေတာပေါ့။

အစ်မတစ်ယောက်က အခန်းဖွဲ့ရင် ဘယ်လိုမျိုးဟာက အဆင်ပြေလောက်မယ်၊ ဘယ်လိုမျိုးဟာက အကုန်အကျများလောက်မယ် အဲ့လိုတွေကို စိတ်ပါလက်ပါနဲ့ သေချာရှင်းပြနေတာ။ သူ(မ)ကတော့ အများကြီးရှင်းပြနေတာပဲ။ ရှင်းလျဲ့က သူ ဘယ်လိုပုံမျိုးလိုချင်တယ်ဆိုတာကို ပြန်ပြောပြနေတုန်း ငါလည်း ခေါင်းတညိတ်ညိတ်နဲ့ နားပဲထောင်နေလိုက်တော့တယ်။

အဲ့မမက ငါ့ကို ကြည့်လာတယ်။

"ဒါက ဧည့်သည်ရဲ့ညီလေးလားရှင့်? အခု တူတူနေနေကြတာပေါ့?"

ရှင်းလျဲ့နဲ့ငါ့လိုမျိုးလူတွေအတွက် ဒီပတ်ဝန်းကျင်ရဲ့အမြင်က တော်တော်နိမ့်တယ်ဆိုတာ ငါသိပါတယ်။ အဲ့ဒါကြောင့် ငါ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောပြဖြစ်ဘူး။

ငါ ခေါင်းညိတ်ပြလိုက်တယ်။ ငါ့အပြုံးကတော့ တစ်ဝက်လောက်ပဲ ကျန်တော့တာပေါ့။

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now