21 [Z]

1.4K 149 0
                                    

အပိုင်း (၂၁)
🌳သစ်ပင်နှစ်ဆယ့်တစ်ပင်🌳

ရှင်းလျဲ့ကတော့ တကယ်စိတ်ပျက်စရာကောင်းတယ်။ ဘယ်သူက သူ့ယောက်မဖြစ်ချင်မှာလဲ?

ရှင်းလျဲ့က ငါ့ကို ဆိုဖာဆီ ချီသွားတယ်။

"ကောင်းပြီလေ.. ငါကပဲ ငါကိုယ်တိုင်ရဲ့ယောက်မ ဖြစ်လိုက်ပါတော့မယ်.. ကျေနပ်ပြီလား သခင်လေး?"

ငါလည်း လက်မြှောက်လိုက်ပြီး ငါ့မျက်လုံးတွေကို လက်နဲ့ကာလိုက်တယ်။

"ကျွန်တော် ငိုနေတာမဟုတ်ဘူး"

ရှင်းလျဲ့က ငါ့ပခုံးကို ကိုင်လိုက်ပြီးတော့ ငါ့အနားကို တိုးလာပြီး မျက်လုံးနှစ်ဖက်စလုံးကို နမ်းလိုက်တယ်။

"ကိုယ့်ကို ထပ်မနှိပ်စက်နဲ့တော့.. မင်း ငိုနေတာကို မြင်ရတာ ကိုယ့်နှလုံးသားတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာကွဲသွားတော့မယ့်အတိုင်းပဲ"

ဓာတ်ပြားဟောင်းကြီး ဖွင့်နေတာလား?

ငါလည်း ရှိသမျှအားကုန်သုံးပြီး သူ့ကို တွန်းထုတ်လိုက်တယ်။

ရှင်းလျဲ့က ငါ့လက်ကို ဆောင့်ဆွဲလိုက်ပြီး သူ့အရှေ့တည့်တည့်မှာ ပြန်ရပ်ခိုင်းတယ်။

"ရှောင်ထုန်"

ရှင်းလျဲ့က သူ့အနားကို ငါ့ကို ဆွဲခေါ်လိုက်ပြီး သူ့လက်မောင်းတွေကြားထဲ ငါ့ကို ခေါ်သွင်းလိုက်တယ်။ သူ အားဘယ်လောက်သုံးထားလဲဆိုရင် ငါ့အရိုးရိုးတွေ တကြွပ်ကြွပ်ကျိုးသွားတဲ့အသံကိုတောင် ကြားယောင်လာတဲ့အထိပဲ။

"ကိုယ့်ကို ဒီလိုလေး ခဏလောက် ဖက်ခွင့်ပေး"

ဒီစကားလေးကြောင့်ပဲ ငါလေးရဲ့ ဒေါသတွေ၊ မာနတွေဟာလည်း ယူပစ်သလို ပျောက်ထွက်သွားရော။ ငါလည်း မနှောင့်ယှက်တော့ပါဘူးလေ။ ဒီအတိုင်းလေးပဲ စကားသံတစ်ခွန်းမှ မထွက်ဘဲ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ခံနေလိုက်တယ်။

ရှင်းလျဲ့က ငါ့ဆံပင်ကို သူ့လက်ချောင်းလေးတွေနဲ့ ဖွလိုက်ပြီး မကျေမနပ်ပုံစံနဲ့ ပြောရော။

"ဟိုကောင်မလေးဖြစ်ဖြစ် ဘာဖြစ်ဖြစ်.. မင်းလည်း သူဝယ်လာတဲ့ ကြက်သားစွပ်ပြုတ်ကို သောက်တာပဲ မဟုတ်ဘူးလား? ပြီးတော့ စာပို့တဲ့ကိစ္စ.. ငါ ဘယ်တုန်းက သူ့ကို စာပို့ဖူးလို့တုန်း?"

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now