8 [Z]

1.6K 144 2
                                    

အပိုင်း()
🌳သစ်ပင်ရှစ်ပင်🌳

ရှင်းလျဲ့က တော်တော်အစပ်စားနိုင်တာပဲ။ 'တိုင်းပြည့်နတ်ဘုရားမ'ဆိုတဲ့ဟာကို သွန်ချသလို ပန်းကန်ထဲထည့်ပစ်ပြီး လုံးဝမစပ်သလို ရုပ်တည်ကြီးနဲ့စားနေတော့တာ။

"ကျန်းမာရေးကောင်းအောင် အစပ်များများစားရတယ်.. မင်း နားမလည်ပါဘူး"

ရှင်းလျဲ့လည်း ပါးစပ်က တတွတ်တွတ်ပြောရင်း တစ်ပန်းကန်လုံးကို အပြောင်ရှင်းပစ်လိုက်တယ်။

"အစ်ကို ဒီနေ့ အလုပ်ရှိတာလား?"

ငါ သူ့ဘေးနားသွားထိုင်ပြီး လက်ကိုင်ပဝါအခြောက်တစ်ထည် ကမ်းပေးလိုက်တယ်။

"ဒီနေ့ နားတယ်"

ရှင်းလျဲ့လည်း ငါ့လက်ထဲက လက်ကိုင်ပဝါကို ယူပြီး သူ့လက်သူ သုတ်လိုက်တယ်။

သူ ထထွက်သွားပြီး ဘေစင်မှာ နောက်ပြန်မှီလိုက်တယ်။

"မင်းကိုယ်က သေးသေးလေးဆိုတော့ ငါ့အဝတ်အစားတွေနဲ့ဆို ပွလချောင်ရိုက်နေရော"

ငါလည်း လက်မောင်းနှစ်ဖက်ကို မြှောက်ပြလိုက်တယ်။ အင်းနော်.. ရှင်းလျဲ့ရဲ့ အင်္ကျီက ငါနဲ့ဆို တော်တော်ကြီးနေတာပဲ။

"လာ လာ"

ရှင်းလျဲ့က ငါ့ပခုံးကို သိုင်းဖက်လိုက်ရင်း ဆက်ပြောတယ်။

"အဝတ်အစား သွားဝယ်ကြရအောင်"

တကယ်တော့လေ 'အဝတ်အစား'ဆိုတဲ့ဟာက ငါ့အတွက် မလိုအပ်ပါဘူး။

ငါက အအေးဒဏ်ကိုလည်း မကြောက်ဘူးလေ။ အဲ့ဒါကြောင့် ဘာမှကို ဝတ်စရာမလိုတာ။ဒါပေမယ့် ငါ ဘာမှမဝတ်ပြန်ရင်လည်း ရဲအဖမ်းခံရလိမ့်မယ်။ ငါ ရဲစခန်းကြီးကိုတော့ ထပ်မသွားချင်တော့ဘူး။ ဝတ်ထားတာပဲ ကောင်းပါတယ်လေ။

"ကျွန်တော် ဒါကို ဆက်ဝတ်လည်းရပါတယ်.. အသစ် ထပ်ဝယ်စရာမလိုပါဘူး"

အဝတ်အစားဆိုတာ ငွေကုန်ပေါက်ပဲ။ ငါ့ကြောင့်နဲ့ ရှင်းလျဲ့ကို ပိုက်ဆံအကုန်မခံခိုင်းစေချင်တော့ဘူး။

ရှင်းလျဲ့က ငါ့ဆံပင်ကို သူ့လက်ချောင်းလေးတွေနဲ့ ဖွလိုက်ရင်း ရှင်းပြတယ်။

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now