15 [U]

2.9K 750 21
                                    

အပိုင်း(၁၅)
🌳သစ်ပင်ဆယ့်ငါးပင်🌳

ဟိုကောင်မလေးကိုပဲ ကျေးဇူးတင်ရမယ်။ သုံးလွှာက အန်တီကြီးလည်း ရှင်းလျဲ့ကို ကောင်မလေးတွေနဲ့ သိပ်မိတ်မဆက်ပေးတော့ဘူး။

ငါ အရင်လတုန်းက ဇိမ်ကျကျနေခဲ့တာ။ နေ့တိုင်း တီဗီကြည့်တယ်။ ပန်းပင်လေးတွေကို ဂရုစိုက်ပေးတယ်။ ပိုက်ဆံရှာဖို့ အပြင်ကို မကြာမကြာသွားဖြစ်တယ်။ ပြီးတော့ ရှင်းလျဲ့ စနေ၊ တနင်္ဂနွေပြန်လာရင် ဘယ်လိုအရသာရှိတဲ့စားစရာတွေ ချက်ပေးရမလဲဆိုတာကို ကြိုကြိုတွေးနေတတ်တယ်။

မနေ့တစ်နေ့လောက်တုန်းက ရှင်းလျဲ့ ငါ့အတွက် ဖုန်းတစ်လုံး ဝယ်ပေးတယ်။ စစချင်းတုန်းကဆို အက္ခရာစာလုံးတွေကို တော်တော်မှတ်လိုက်ရသေးတယ်။ ဒါပေမယ့် ငါက ဉာဏ်ကောင်းပြီးသားလေ။ အခုဆိုရင် ဖုန်းတစ်လုံးနဲ့ သတင်းတွေတောင် ဖတ်တတ်နေပြီ။

ဒီလိုမျိုးဆိုတော့လည်း လူသားဖြစ်ရတာ ဘယ်ဆိုးလို့လဲလို့ တွေးမိလာပြန်တယ်။ ငါ့ သစ်ပင်ပြန်ဖြစ်သွားရင် တော်တော်ပျင်းစရာကောင်းနေတော့မှာ။

အော်.. ငါလေးလည်း အနာကျက်သွားတာနဲ့ချက်ချင်း ဒဏ်ရာကိုပါ တစ်ခါတည်း မေ့သွားတော့တာပဲ။ တစ်ခါတစ်လေဆိုရင် ရှင်းလျဲ့က အချိန်မရွေး ကောင်မလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာပြီး ငါ့ကို နှင်ထုတ်နိုင်တဲ့အကြောင်းကို ငါ့ကိုယ်ငါ ပြန်ပြန်သတိပေးယူရတယ်။

ရှင်းလျဲ့က သူ့အဆောင်မှာ နေ့တိုင်းနေတိုင်း ဘယ်လိုနေနေမလဲဆိုတာကိုလည်း စဥ်းစားမိတယ်။ သူက တစ်နေကုန် ယောက်ျားလေးတွေနဲ့ပဲ အလုပ်လုပ်နေရတာလေ။ စနေ၊ တနင်္ဂနွေပိတ်ရက်ကျတော့လည်း အိမ်မှာပဲ တစ်နေကုန်နေတာ။ အဲ့တော့ သူက အလုပ်ပိတ်ရက်ဆိုရင်လည်း ငါတစ်ယောက်တည်းနဲ့ပဲ အဆက်အသွယ်ရှိတယ်။

ငါ တကယ်ကို နားမလည်နိုင်တော့ဘူး။ ရှင်းလျဲ့က တစ်ဘဝလုံး တူတူနေထိုင်သွားဖို့ လက်တွဲဖော်ရွေးတဲ့နေရာမှာ ဘာလို့များ ယောက်ျား၊ မိန်းမ လိင်သဘာဝကို ခွဲခြားခွဲခြား လုပ်နေရတာလဲလို့။

ငါဆိုရင် အရသာအရမ်းရှိတဲ့ဟင်းတွေကိုလည်း ချက်တတ်တယ်။ အိမ်သန့်ရှင်းရေးဆိုရင်လည်း လာထားပဲ။ အဲ့တာတောင် ငါက သူ့အတွက် လုံလုံလောက်လောက် မကောင်းနိုင်သေးဘူးလားဟင်?

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now