10 [U]

3.2K 734 37
                                    

အပိုင်း(၁၀)
🌳သစ်ပင်ဆယ်ပင်🌳

ငါလည်း အဲ့စကားကို ပြောပြီးပြီးချင်း နောင်တရသွားတယ်။ သေချာပြန်တွေးကြည့်ရင် မတရားဘူးလေ။

ငါ့မှာ သူတစ်ယောက်တည်းရှိနေပေမယ့် သူ့ဘေးနားမှာကျတော့ လူအများကြီးရှိခဲ့တဲ့ဟာ။

"အိုက်ယိုး"

ရှင်းလျဲ့က သက်ပြင်းတစ်ချက်ချလိုက်တယ်။ ပြီးတော့ ငါ့ခေါင်းနောက်စေ့ကို သူ့လက်ဖဝါးနဲ့ အုပ်ဆွဲလိုက်ပြီး သူ့ရဲ့ရင်ခွင်ထဲ ဖက်ပေးလိုက်တယ်။

"ငါတို့ရဲ့ သစ်ပင်တစ္ဆေလေးက တော်တော်သနားဖို့ကောင်းတာပဲ"

"ကျွန်တော်က သစ်ပင်တစ္ဆေလေး မဟုတ်ရပါဘူးနော်"

ငါလည်း မျက်မှောင်ကြုတ်လိုက်ပြီး ပြန်ခံပြောတယ်။

"ပြီးတော့ အစ်ကိုတို့ရဲ့ဟာလည်း မဟုတ်ဘူး"

ရှင်းလျဲ့က အကျင့်ပုပ်ပြီး ငါ့ဆံပင်ကို အကြမ်းကြီး ထပ်ဖွပစ်တယ်။

"စိတ်ဆိုးသွားပြန်ပြီပေါ့?"

"ဘယ်က စိတ်ဆိုးရမှာလဲ? ကျွန်တော့်ဆံပင် ပွကုန်ပြီ"

ငါလည်း သူ့လက်ကို တွန်းထုတ်ပြီး စိတ်ဆိုးဆိုးနဲ့ ထွက်သွားလိုက်တယ်။

"လာ လာ လာ... ဒီအစ်ကိုကြီးက ဆံပင်ပြန်ပြင်ပေးမယ်"

ရှင်းလျဲ့က ငါ့ဆံပင်တွေကို သပ်ပေးရင်း ငါ့နောက်က လိုက်လာတယ်။

ရှင်းလျဲ့ရဲ့ လက်ချောင်းတွေက တော်တော်ပူတာပဲ။ သူက ပြုံးတုံ့တုံ့နဲ့ ငါ့လက်ချောင်းတွေကို သူ့လက်နဲ့ ဆုပ်ကိုင်လိုက်တယ်။

"ဒီလက်ချောင်းပိစိလေးတွေကို ကြည့်ပါဦး.. အေးစက်နေတာပဲ"

ငါလည်း လက်မောင်းအားနဲ့ သူ့လက်ထဲက ဖမ်းဆွဲထားတဲ့ ငါ့လက်ချောင်းတွေကို တော်တော် ဆွဲထုတ်လိုက်ရတယ်။

"လက်လာမကိုင်နဲ့"

ရှင်းလျဲ့က လွှတ်မပေးသေးဘူး။

"ဘာလို့လဲ? မင်းရဲ့လက်က သစ်ပင်ရဲ့ သစ်ကိုင်းလိုမျိုး ငါကိုင်လိုက်တာနဲ့ ကျိုးသွားတော့မှာမို့လို့လား?"

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now