14 [Z]

1.2K 136 3
                                    

အပိုင်း(၁၄)
🌳သစ်ပင်ဆယ့်လေးပင်🌳

ရှင်းလျဲ့ရဲ့စကားက အရင်က တွေးခဲ့ဖူးတဲ့ ကိစ္စတစ်ခုကို ပြန်သတိရသွားစေတယ် : ငါမြေကြီးတူးပြီး အဲ့ထဲမှာပဲ အပင်ပြန်ဖြစ်အောင် နေမယ်ဆိုတဲ့ဟာလေ။

သူက မိန်းကလေးတစ်ယောက်ယောက်နဲ့ လက်ထပ်တော့မှာ။ အဲ့အချိန်ဆို ဘယ်သူမှ ငါ့ကို လိုချင်တော့မှာ မဟုတ်ဘူး။ လူသားဖြစ်ရတာ တကယ်ပင်ပန်းခက်ခဲစရာကြီး။ ငါ သစ်ပင်ပြန်သွားလုပ်တာပဲ ပိုကောင်းဦးမယ်။

ရှင်းလျဲ့က ငါ့ဘေးနား ဆော့ကြောင့်လာထိုင်ပြီး ပြုံးပြုံးလေး မေးတယ်။

"တရားထိုင်နေတာလား?"

ငါလည်း ထောင်ထားတဲ့ဒူးကို လက်နှစ်ဖက်နဲ့ ဖက်လိုက်ပြီး တခြားဘက် လှည့်ထိုင်နေလိုက်တော့တယ်။ သစ်ပင်ပြန်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကို စဉ်းစားနေရင်းပေါ့။

ငါ မြေကြီးမတူးခင် ငါ့ကိုယ်ငါ ဝူးထုန်သစ်ပင်ဖြစ်အောင် ပြန်လုပ်ရမယ်။

ရှင်းလျဲ့က သူနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် ငါ့လက်မောင်းကို ဆွဲလှည့်လိုက်တယ်။

"အခုတလော ငါ့ကို ဘာလို့စကားမပြောတော့တာလဲ? မနက်ဖြန်ဆိုရင်ပဲ အလုပ်သွားရတော့မှာ.. နောက်တစ်ပတ်လုံး ငါ့ကို တွေ့ရတော့မှာမဟုတ်ဘူးနော်"

ငါလည်း ရှိသမျှအားနဲ့ သူဆွဲထားတဲ့လက်မောင်းကို ခါထုတ်လိုက်တယ်။

ငါ သူ့ကို မတွေ့ရတော့ဘူးဆိုရင်လည်း မတွေ့ဘူးပေါ့။ ငါ သစ်ပင်ပြန်ဖြစ်ရင်လည်း ရှင်းလျဲ့ကို တွေ့နိုင်တော့မှာမှ မဟုတ်ဘဲ။

ငါ ဒီအကြောင်းကို စဉ်းစားလိုက်တော့ နည်းနည်းလေး ဝမ်းနည်းလာသလိုပဲ။ နှာရည်နည်းနည်းထွက်တော့မလို ခံစားရလို့ နှာခေါင်းရှုံ့လိုက်တယ်။

ရှင်းလျဲ့က ငါ့ခါးကို ဖက်ပြီး သူ့လက်မောင်းတွေကြားထဲ ပွေ့ချီလိုက်ရော။

"ဘာလို့ ငိုနေတာလဲ? မနေ့ကဖြစ်ခဲ့တဲ့ဟာကို ကြောက်လို့လား?"

ငါလည်း ဆတ်ခနဲ တွန့်လိုက်တယ်။

"ကျွန်တော့်ကို မထိနဲ့!"

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now