16 [U]

2.9K 711 15
                                    

အပိုင်း (၁၆)
🌳သစ်ပင်ဆယ့်ခြောက်ပင်🌳

ဒါဆို သစ်ပင်ကနေ လူသားအသွင်ကိုပြောင်းသွားတာက ငါတစ်ယောက်တည်း မဟုတ်ဘူးပေါ့။ ငါ့ရှေ့မှာရှိနေတဲ့ ချောင်ဟန်ဆိုတဲ့လူကြီးကလည်း သစ်ပင်ကနေ ပြောင်းလဲလာတာပဲ။

ချောင်ဟန်က ငါ့ကို ရေတစ်ခွက် ငှဲ့ပေးတယ်။

"အဆင်ပြေပြေနဲ့ နေနေရတဲ့ပုံပဲ.. လူသားဖြစ်တာ ဘယ်လောက်ကြာပြီလဲ?"

ငါလည်း ကြောက်ကြောက်လန့်လန့်နဲ့ ခွက်ကို လှမ်းယူလိုက်တယ်။ သတိကြီးကြီးထားပြီး ဂရုတစိုက်နဲ့ ငါပြန်ဖြေလိုက်တယ်။

"သုံးလလောက် ရှိပြီ"

"မင်းက စိတ်ထားကောင်းတဲ့လူနဲ့ တွေ့ခဲ့ရတာပဲ"

ချောင်ဟန်က ငါ့ပခုံးတွေကို ပုတ်လိုက်တယ်။ ငါ့နောက်ကျောကို ရောပဲ။ ပြီးတော့ စကားဆက်ပြောတယ်။

"မင်းက တော်တော်သန်မာနေပြီပဲ"

ငါလည်း လည်ပင်းကို ကြုံ့လိုက်တယ်။ ပြီးတော့ သူသွားသမျှနောက်ကို လိုက်ကြည့်နေရော။

"ကျွန်.. ကျွန်တော် ရှင်းလျဲ့နဲ့ပဲ အမြဲတူတူရှိနေခဲ့တာ"

ချောင်ဟန်က သူ့ရုံခန်းစားပွဲဆီ လမ်းလျှောက်သွားလိုက်တယ်။

"အင်း.. ကောင်းတာပေါ့.. မင်းမှာ မှတ်ပုံတင်ကဒ်မရှိသေးဘူးပေါ့? စာရင်းမသွင်းရသေးတာလား?"

ငါ ခေါင်းညိတ်ပြလိုက်တယ်။ စာရင်းသွင်းတယ်ဆိုတာ ဘာမှန်းမသိတဲ့အပြင် မှတ်ပုံတင်ကဒ်လည်း မရှိသေးဘူးလေ။

"ဒီလိုဆိုရင်ရော.. နာမည်ဘယ်လိုခေါ်လဲ? ငါ မင်းအတွက် မှတ်ပုံတင်ကဒ်လုပ်ဖို့ ကူညီပေးမယ်လေ"

"ရှင်းထုန်..."

"တစ်ဆိတ်လောက်ပါ.. ဒေါက်တာချောင်.. ကျွန်တော်က အခန်းနံပါတ်(၃၀၈)က လူနာရဲ့မိသားစုဝင်ပါ"

လူတစ်ယောက်က တံခါးတွန်းဖွင့်ပြီး အခန်းထဲဝင်လာတယ်။ ငါနဲ့ ချောင်ဟန်ရဲ့ စကားဝိုင်းလည်း အစပြတ်သွားရော။

ချောင်ဟန်ကလည်း ချက်ချင်း မတ်တပ်ထ နှုတ်ဆက်လိုက်တယ်။

"ဟုတ်.. မင်္ဂလာပါ"

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now