အပိုင်း (၃)
🌳သစ်ပင်သုံးပင်🌳ရှင်းလျဲ့ ငါ့ကို ကားပေါ်အထိ ချီလာပြီး အိမ်ခေါ်သွားတယ်။
အိမ်က အရမ်းကြီးတာမျိုးတော့ မဟုတ်ပါဘူး။ ဧည့်ခန်းရယ်၊ အိပ်ခန်းရယ်၊ ပြီးတော့ အနောက်ဘက်မှာဆိုရင် မီးဖိုချောင်နဲ့ ရေချိုးခန်း အိမ်သာပေါ့။
ရှင်းလျဲ့က သူ့ဗီရိုထဲကနေ ဝတ်စရာအဝတ်တွေ ရှာနေတယ်။
"ရေချိုးချင်လား? အခုတော့ ဒါပဲ ဝတ်ထားလိုက်ဦး"
ငါ့ကိုယ်ငါ ရေချိုးစရာမလိုဘူးလို့ ခံစားနေမိရင်တောင်မှ ရှင်းလျဲ့ကသာ ချိုးစေချင်ရင် ငါချိုးမှာပဲ။
ရှင်းလျဲ့က ငါ့ဆံပင်တွေကို သူ့လက်ချောင်းလေးတွေနဲ့ ဖွလိုက်တယ်။
"လိမ္မာသားပဲ.. အသက် ဘယ်နှနှစ်ရှိပြီလဲ"
ငါ သေချာစဉ်းစားကြည့်တော့ ရှင်းလျဲ့ထွက်သွားတဲ့နှစ်တုန်းကဆိုရင် ငါက ခြောက်နှစ်ပဲရှိသေးတယ်။ အဲ့တော့ ရှင်းလျဲ့ထွက်သွားတာက ဆယ်နှစ်ကြာတယ်ဆိုရင် အခု ငါက ဆယ့်ခြောက်နှစ်ပေါ့နော်။
ဒါပေမယ့် ငါ သူ့ကို ဘယ်နှနှစ် စောင့်ခဲ့ရတာလဲ?
"အစ်ကိုကရော အသက်ဘယ်လောက်လဲ?"
ငါလည်း မျက်လုံးအပြူးသားနဲ့ ပြန်မေးလိုက်တယ်။
ရှင်းလျဲ့က ပြန်ဖြေတယ်။
"ငါလား? ငါက အသက်နှစ်ဆယ့်လေးနှစ်ရှိပြီ"
ငါက 'အိုး..' လို့ ပြောလိုက်ပြီး ဖြည်းဖြည်းလေး တွက်ကြည့်တယ်။ရှင်းလျဲ့ ခြောက်နှစ်တုန်းက ငါက တစ်နှစ်ဆိုတော့ အခုဆို ငါက တစ်ဆယ့်ရှစ်နှစ် ရှိပြီပေါ့။
"ဒါဆို ကျွန်တော်က တစ်ဆယ့်ရှစ်နှစ်"
ငါ ရှင်းလျဲ့ကို နောက်ထပ်နှစ်နှစ် ထပ်စောင့်ခဲ့သေးတာပဲ။ စုစုပေါင်း တစ်ဆယ့်နှစ်နှစ်ပေါ့။
"မင်းက အသက်ဆယ့်ရှစ်နှစ်လို့သာ ပြောတယ်.. မင်းပုံစံက ဆယ့်နှစ်နှစ်ကလေးအတိုင်းပဲ"
ရှင်းလျဲ့က ငါ့ခေါင်းနောက်ကို ဖိချလိုက်ပြီး ရေချိုးခန်းထဲ ခေါ်သွားတယ်။
YOU ARE READING
🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳
Short StoryNovel Title : It's Really Hard to be a Tree / 做树真的好难 / သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး/သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး Original Author : The Wolf That Drinks Soymilk / 喝豆奶的狼 Chapters : 23 Messy straight firefighter × Little sweetheart that every house m...