12 [Z]

1.3K 136 2
                                    

အပိုင်း(၁၂)
🌳သစ်ပင်ဆယ့်နှစ်ပင်🌳

"ဘာကို လူထူးလူဆန်းတွေလဲ?"

ရှင်းလျဲ့က သူ့လက်မောင်းတွေကို မြှောက်လိုက်ပြီး ငါ့ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး အားနဲ့ ဖိထားတယ်။

"သူတို့ ဥပဒေကို မချိုးဖောက်သရွေ့၊ ဘယ်သူ့ကိုမှ အန္တရာယ်မပေးသရွေ့ သူတို့အကုန်လုံးက လူကောင်းတွေချည်းပဲ"

ငါ ခေါင်းကို မော့ကြည့်လိုက်တော့ ငါ့ခေါင်းက သူ့ပခုံးပေါ် မှီလျက်သားဖြစ်သွားတယ်။

"အစ်ကိုကတော့ အိမ်ထောင်ပြုဖို့ မိန်းကလေးတစ်ယောက် ရှာနေဦးမှာပဲမလား?"

ရှင်းလျဲ့က မင်္ဂလာ ဆောင်စရာ ကောင်မလေးတွေ့သွားမှာကို ငါနည်းနည်းလေး စိတ်ပူနေမိတယ်။ သူ ငါ့ကို လိုချင်တော့မှာ မဟုတ်ဘူးလေ။

"ဘာ မိန်းကလေးလဲ? ငါ့အလုပ်က တစ်လမှာ အိမ်ပြန်နိုင်တဲ့ရက်ဆိုလို့ နည်းနည်းလေးပဲ ရှိတာ.. အဲ့အလုပ် ဘယ်လောက်အန္တရာယ်များတယ်ဆိုတာကိုတော့ ပြောစရာကို မလိုတော့ဘူး.. လခကလည်း အများကြီးရတာလည်း မဟုတ်.. မိန်းကလေးတွေကို ဒုက္ခမပေးဘဲ နေတာပဲ ကောင်းပါတယ်"

"ဟေ့ သစ်ပင်တစ္ဆေလေး"

ရှင်းလျဲ့က သူ့လက်မောင်းတွေကြား ငါ့လည်ပင်းကို ညှစ်ထားတယ်။

"ငါ မိန်းမယူပြီးသွားရင် မင်းကို မလိုချင်တော့မှာကို ကြောက်နေတာလား?"

ငါ ဘာမှမပြောနိုင်တော့ဘူး။ သူက ငါ့ခေါင်းကို ထုလိုက်ရော။

"ညီလေးက ညီလေးပဲ.. ဇနီးဆိုတာကလည်း ဇနီးပဲ.. ဘာမှတူမနေဘူး.. တစ်ယောက်က မိသားစုအချစ်.. တစ်ယောက်က ကြည်နူးဖွယ်ရာအချစ်"

တဖြည်းဖြည်းနဲ့ ရှင်းလျဲ့ရဲ့လက်မောင်းတွေက အားပါလာပြီး ငါလည်း သူ့ကိုယ်ထဲ ဝင်သွားတော့မလိုတောင် ခံစားရတယ်။ ရှင်းလျဲ့ရဲ့လက်မောင်းတွေက တော်တော်အားကြီးတာပဲ။

"အစ်ကို.. လက်ထပ်လိုက်ပြီဆိုတာနဲ့ မိသားစုဖြစ်သွားပြီလေ.. ဘာလို့ ကြည်နူးဖွယ်ရာအချစ်က ပါလာရသေးတာလဲ? မိသားစုအချစ် ဖြစ်သွားပြီမဟုတ်ဘူးလား?"

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now