13 [U]

2.9K 697 19
                                    

အပိုင်း (၁၃)
🌳သစ်ပင်ဆယ့်သုံးပင်🌳

ငါ လူသားတစ်ယောက် မဖြစ်ချင်တော့ဘူးလို့ ပြောခဲ့ရင် ဒါတကယ် မဖြစ်ချင်တော့လို့ပဲ။ ရှင်းလျဲ့နဲ့ သူ့ကောင်မလေး အိမ်ထောင်မပြုသွားခင် ငါ သစ်ပင်ဖြစ်ခဲ့ဖူးတဲ့ နေရာဆီ မြန်မြန်ပြန်ပြီး မြေကြီးထဲ ငါ့ကိုယ်ငါ အပင်ပြန်စိုက်မှ ဖြစ်တော့မယ်။

ငါ ဝရန်တာမှာ အပင်ငယ်လေးတွေနဲ့တူတူ ရက်အကြာကြီး နေကြည့်သေးတယ်။ သူတို့လိုမျိုး အပင်များ ဖြစ်သွားမလားလို့။ ဒါပေမယ့်လည်း ဘာမှမထူးပါဘူး။

နောက်ကျတော့ ဘာလို့အဲ့လို အရာမရောက်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို နားလည်သွားတယ်။ ငါ့ကိုယ်က သစ်သားဖြစ်နေတဲ့အချိန် ဟိုအပင်ပေါက်စလေးတွေက ဆေးဖက်ဝင်အပင်လေးတွေ ဖြစ်နေတာကိုး။ အပင်ပေါက်တဲ့နေရာလည်း မတူတော့ ခြားနားချက်ရှိသွားတာနေမယ်။

ငါလည်း အိမ်အောက်ဆင်းသွားလိုက်တယ်။ လမ်းမနံဘေးက သစ်ပင်ထူထူကြီးကြီးတစ်ပင်ကို ရှာတွေ့တော့ သူ့ဘေးနားမှာ ငုပ်တုတ်သွားထိုင်နေလိုက်ရော။

ကုပ်ကုပ်လေးထိုင်နေပြန်တော့လည်း မြေကြီးထဲ စိုက်မဝင်သွားဘူးရယ်။ ဆောင့်ကြောင့်ထိုင်နေရင်းကပဲ ရှင်းလျဲ့ရဲ့ကောင်မလေးကို တွေ့လိုက်တယ်။

ကောင်မလေးက ဝတ်ကောင်းစားလှတွေ ဝတ်ထားပြီး တခြားယောက်ျားလေးတစ်ယောက်ရဲ့ လက်မောင်းကို ချိတ်ထားတယ်။ ပြီးတော့ သူတို့က ပွတ်သီးပွတ်သပ်နဲ့ လမ်းလျှောက်ထွက်သွားကြရော။

မေးခွန်းတွေက ငါ့ခေါင်းထဲ တရစပ် ပေါ်လာတယ်။

-အဲ့ကောင်မလေးက ရှင်းလျဲ့ကို လက်ထပ်မှာ မဟုတ်ဘူးလား?

-ဘာလို့ တခြားကောင်လေးတစ်ယောက်နဲ့ အဲ့လို လျှောက်သွားနေရတာလဲ?

-လူသားတွေက တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးကြတာမဟုတ်ဘူးလား?

-လူသုံးယောက်က အချင်းချင်း လက်ထပ်လို့ရတယ်ပေါ့?

ငါလည်း သစ်ပင်ဖြစ်မယ့်အရေးကို ခဏမေ့ထားလိုက်ပြီး အဲ့ကောင်မလေးရှေ့ သွားရပ်လိုက်တယ်။

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now