7 [U]

3.5K 684 15
                                    

အပိုင်း()
🌳သစ်ပင်ခုနစ်ပင်🌳

__ကောင်းပြီလေ။ အစ်ကို အိပ်စေချင်ရင် ကျွန်တော် အိပ်မှာပေါ့။ ဒါပေမယ့် ကျွန်တော့်ကို ပစ်ချစရာတောင် မလိုတော့ပါဘူး။ ခုနက ပြုတ်ကျကတည်းက ဖင်တော်တော်နာနေပြီ။

ငါလည်း နည်းနည်းတော့ ဒေါသထွက်တာပေါ့။ စောင်ကို ခေါင်းအထိ ဆွဲခြုံလိုက်ပြီးတော့ သူ့ကို ဘာစကားမှ မပြောတော့ဘူး။

ရှင်းလျဲ့ကလည်း ငါ့ကို ဘာဆိုဘာမှ မပြောဘူး။ ဒီအတိုင်း ငါ့ဘေးနား တုံးလုံးလှဲပြီးတော့ ခပ်မြန်မြန်ပဲ အိပ်ပျော်သွားရော။

သူ့ကြည့်ရတာ တော်တော်ပင်ပန်းနေတဲ့ပုံပဲ။ အိပ်နေရင်းတောင် အသံအကျယ်ကြီး ဟောက်နေတယ်။

ငါ အရင်တုန်းက နေခဲ့ဖူးတဲ့ တောင်ကြိုတောင်ကြား သင်္ချိုင်းမြေမှာဆို ငှက်တွေ တကျည်ကျည်အော်တဲ့အသံရယ်၊ ပုစဥ်းတွေ၊ ပျားပိတုန်းတွေ၊ အင်းစက်ပိုးကောင်လေးတွေ တဝီဝီမြည်တဲ့အသံတွေပဲ ကြားခဲ့ရတာ။

ရှင်းလျဲ့ရဲ့အိမ်ကိုရောက်ကတည်းက ပြတင်းပေါက်ကနေ ကားတဝီးဝီးဖြတ်မောင်းသွားတဲ့အသံနဲ့ ဟွန်းတီးသံတွေချည်းပဲ ကြားရတော့တယ်။ ဒါပေမယ့် အခန်းက လုံနေတော့ တော်သေးတာပေါ့။ တော်တော်လေး တိတ်ဆိတ်တယ် ပြောရမယ်။

ဒီနေ့တော့ ငါ ရှင်းလျဲ့ဟောက်တဲ့အသံကို ပိစိညှောက်တောက်လေး သည်းမခံနိုင်တော့ဘူး။

ခလူး-- ခလူး

ခလောခလော-- ခလောခလော

တကယ်ကို အံ့ဩစရာကောင်းတယ်နော်။ လူသားတွေက အိပ်နေရင်းနဲ့တောင် ဝက်လိုမျိုး အသံထွက်နိုင်တယ်ဆိုတော့။ ငါ တော်တော် အထင်ကြီးသွားတာ။

ငါ တစ်ညလုံး ခလူးခလောသံတွေနဲ့ မျက်စိကြောင်နေရော။ မနက်မိုးလင်းတဲ့အထိ မျက်စိ မှိတ်ပြီး အိပ်မပျော်သေးဘူး။

ရှင်းလျဲ့ကတော့ တော်တော်လေး အိပ်ရေးဝနေတဲ့ပုံပဲ။ သူနိုးလာတော့ သူ့နှုတ်ခမ်းတွေကို သပ်လိုက်ပြီးတော့ ငါက ကုတင်ပေါ်မှာထိုင်ပြီး ဘာလို့ သူ့ကို စိုက်ကြည့်နေတာလဲလို့ မေးလာတယ်။

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now