4 [U]

3.7K 864 23
                                    

အပိုင်း ()
🌳သစ်ပင်လေးပင်🌳

ရှင်းလျဲ့ ငါ့ကို မလိုချင်တော့မှာကို တကယ်ကြောက်တယ်။ ငါ အရင်လို သစ်ပင်တစ်ပင်လည်း ပြန်မဖြစ်နိုင်တော့ဘူးလေ။

တကယ်လို့ ငါဟာ စကားပြောတတ်၊ လမ်းလျှောက်တတ်ရင်တောင်မှ သစ်ပင်တစ်ပင်ပဲ ဆက်ဖြစ်နေရဦးမယ်ဆိုရင်တော့ ငါတော်တော် စိတ်ပျက်မိမှာ။

ရှင်းလျဲ့က သူ့ဆံပင်သူ ဆုပ်ဆွဲပြီး ပြောတယ်။

"ငါ... အင်း.. ငါ မင်းကို နှင်ထုတ်မယ်လို့ ပြောချင်တာ မဟုတ်ပါဘူး.. မင်း ကြိုက်သလိုသာ နေပါ.. ငါက ဘာဖြစ်ဖြစ် အဆင်ပြေတယ်"

စောင်က တွန့်ကြေနေတယ်။ အိပ်ရာခင်းကလည်း ဖရိုဖရဲနဲ့။ ငါလည်း ကုန်းကုန်းကွကွနဲ့ သေချာပြန်ခေါက်ပေးပြီး အဲ့အပေါ်မှာ အိပ်လိုက်တယ်။

စောင်က မှိုစော်နံနေပြီ။ နေပူထဲ ထုတ်မလှန်းတာ ကြာလို့နေမယ်။

ဘာပဲဖြစ်ဖြစ်လေ ငါ အဲ့လောက်တော့ သည်းခံနိုင်ပါတယ်။ အဲ့ဒါနဲ့ ငါလည်း တစ်ညလုံး အဲ့အတိုင်း အိပ်လိုက်တယ်။

နောက်နေ့မနက်ရောက်တော့ နေတောင် ထွက်မလာသေးဘူး။ ဧည့်ခန်းထဲကနေ အသံဗလံတွေကြောင့် ငါနိုးလာရော။

ရှင်းလျဲ့က ငါ့ကို သော့တစ်ချောင်းနဲ့ အနီရောင်တောက်တောက် စက္ကူနှစ်ရွက်ပေးလာတယ်။

"ငါ အလုပ်သွားတော့မယ်.. တစ်ပတ်လောက် စခန်းမှာပဲ နေဖြစ်မှာဆိုတော့ ဒီရက်ပိုင်းထဲ ပြန်မလာဖြစ်လောက်ဘူး.. ကိုယ့်ဘာသာကိုယ် ချက်စားထားလိုက်နော်"

ငါလည်း ခေါင်းသေချာညိတ်ပြရင်းနဲ့ ဆိုဖာပေါ်မှာ ဖိရာတစ်ခု ရှိနေတာကို တွေ့လိုက်ရတယ်။

"အစ်ကို ဘာလို့ ကုတင်ပေါ်မှာ လာမအိပ်တာလဲ?"

မနေ့ညက သူအိပ်လို့ရအောင်ဆိုပြီး ကုတင်တစ်ဝက်စာ နေရာချန်ထားပေးခဲ့တာ။

ရှင်းလျဲ့က ဒီအတိုင်း ပေါ့တီးပေါ့ဆနဲ့ ပြန်ဖြေတယ်။

"ငါ.. ဆိုဖာပေါ်မှာ အိပ်လို့ပိုကောင်းလို့"

ငါ သူ့မျက်ကွင်းတွေ ညိုနေတာ မြင်တော့ သူ့အပေါ် မှားမှားယွင်းယွင်း လုပ်မိသလို ခံစားလိုက်ရတယ်။

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now