အပိုင်း (၂၂)
🌳သစ်ပင်နှစ်ဆယ့်နှစ်ပင်🌳WARNING : Slightly NSFW. Read at your own risk.
ရှင်းလျဲ့ကတော့ တကယ်လက်ရဲဇက်ရဲနိုင်တာပဲ။ မနက်ဖြန်ပဲ ကမ္ဘာပျက်တော့မယ့်အတိုင်း ရေချိုးခန်းထဲမှာ ငါ့နှုတ်ခမ်းကို အလွတ်မပေးဘဲ နမ်းနေလိုက်တာ။ လက်ဆေးတဲ့ဘေစင်ကနေ မှန်လုံရေချိုးစင်ကြီးအထိကို အတင်းတိုးဝှေ့ပြီး လိုက်နမ်းတာ။
ငါ သူ့ကို တွန်းထုတ်လိုက်တယ်။ မဟုတ်ရင် ခေါက်ဆွဲတွေ ပွပြီး အေးကုန်တော့မှာ။
ငါ့နှုတ်ခမ်းတောင် ကွဲသွားလားမသိ။ ခေါက်ဆွဲပြုတ်ကို ဇွန်းနဲ့ ခပ်သောက်တိုင်း နှုတ်ခမ်းက စပ်ဖျင်းဖျင်းဖြစ်နေတုန်း။
ငါ နှုတ်ခမ်းကို ဖိလိုက်တယ်။ နောက်ဆို ရှင်းလျဲ့နဲ့ လုံးဝ လုံးဝ မနမ်းတော့ဖို့ ဆုံးဖြတ်လိုက်ပြီ။
ရှင်းလျဲ့က နှစ်လုတ်၊ သုံးလုတ်လောက်နဲ့ ခေါက်ဆွဲပြုတ်တစ်ပန်းကန်လုံးကို အပြတ်ရှင်းပစ်လိုက်တာ။
"သစ်ပင်တစ္ဆေလေး.. ဒီလောက်လေးတောင် မခံနိုင်ဘူးလား.. နောက်ဆို များများလေ့ကျင့်ပေးမှ ဖြစ်တော့မယ်"
သူ ငါ့ကို တစိမ့်စိမ့်ကြည့်နေတာ။ အကြည့်တွေက တစ်ခုခုကို ပြောချင်နေသလိုလို။ အဓိပ္ပာယ်အပြည့်နဲ့။
ရှင်းလျဲ့ အဲ့လိုပြောတုန်းကတော့ ငါလည်း များများစားစား မတွေးဖြစ်လိုက်ပါဘူး။ လနည်းနည်းကြာတော့မှ ရှင်းလျဲ့ နောက်နေတာမဟုတ်မှန်း သိလိုက်ရတယ်။
~Slightly NSFW~
အိပ်ယာခင်းနဲ့ စောင်တွေကြားထဲ လုံးထွေးနေရင်းနဲ့ ရှင်းလျဲ့ ငါ့နှုတ်ခမ်းတွေကို အရူးအမူး နမ်းလာတယ်။ အဲ့အချိန်မှာ ငါ့ခန္ဓာကိုယ်ကနေ တုံ့ပြန်မှုတစ်ခုဖြစ်လာတယ်။ အစကတော့ ငါ့စိတ်ငါ ထိန်းဖို့ကြိုးစားပါသေးတယ်။ ဒါပေမယ့် ရှင်းလျဲ့.. အဲ့အဖိုးကြီးက သူ့လက်ဖဝါးနဲ့ ချက်ချင်း ဆုပ်ကိုင်လိုက်တယ်။
"ကလေးလေး.. မအောင့်ထားနဲ့"
သူ ငါ့ကို မထိတထိနမ်းရင်းနဲ့ လက်ကလည်း ငါ့ဟာကို အထက်အောက်လုပ်ပေးနေတယ်။
YOU ARE READING
🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳
Short StoryNovel Title : It's Really Hard to be a Tree / 做树真的好难 / သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး/သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး Original Author : The Wolf That Drinks Soymilk / 喝豆奶的狼 Chapters : 23 Messy straight firefighter × Little sweetheart that every house m...