11 [Z]

1.3K 127 1
                                    

အပိုင်း(၁၁)
🌳သစ်ပင်ဆယ့်တစ်ပင်🌳

ငါ မှားပြောမိသွားပြီ။ ရှင်းလျဲ့နဲ့ ငါက ဘယ်လိုလုပ် ကလေးသေးသေးလေးတွေ မွေးပေးလို့ရမှာတုန်း။ ငါက ယောက်ျားလေးဖြစ်နေတယ်လေ။ မိန်းကလေးတွေကပဲ ကလေးမွေးပေးနိုင်တာဆိုတော့။

"မိန်းကလေးတွေက ကလေးသေးသေးလေးတွေ မွေးပေးနိုင်လို့ အစ်ကိုက မင်္ဂလာဆောင်ချင်တာပေါ့ အဲ့လိုလား?"

ငါ နည်းနည်းတော့ နားလည်လာပါပြီ။

သူ ငါ့မေးခွန်းကို ကြားလိုက်ရတဲ့အချိန်မှာ ပြန်ဖြေဖို့ တော်တော်အချိန်ယူလိုက်ရတယ်။

"ဘာလို့ အဲ့လို ထင်တာတုန်း? အဲ့လိုမျိုးမှ မဟုတ်ဘဲ"

"ဒါဆို ဘာလို့လဲဟင်"

ငါလည်း သူပြန်ဖြေမယ့်အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ပေးနေတယ်။

"*လူနှစ်ယောက်တူတူနေတယ်ဆိုတာက သူတို့နှစ်ယောက်က အချင်းချင်းသဘောကျလို့လေ.. 'နင်က ငါ့ကို သဘောကျတယ် ငါကလည်း နင့်ကို သဘောကျတယ်' အဲ့လိုမျိုးပေါ့.. မင်းကလည်း မင်းကြိုက်တဲ့မိန်းကလေးနဲ့မှ လက်ထပ်ရမယ်"

[T/N - ရှင်းလျဲ့ပြောတဲ့ လူနှစ်ယောက်က ယောက်ျားနဲ့မိန်းမကို ဆိုလိုတာပါ။]

ရှင်းလျဲ့က အဲ့အကြောင်းရှင်းပြတာ သိပ်မတော်ဘူး။ သူ့ခမျာ တစ်ခွန်းပြောဖို့အရေး တော်တော်အခက်တွေ့နေတဲ့ပုံပဲ။

ငါလည်း ပြန်မေးလိုက်တယ်။

"ကျွန်တော်တို့က မိန်းကလေးတွေကိုပဲ ကြိုက်လို့ရတာလား?"

ရှင်းလျဲ့က အသံတည်တည်ကြီးနဲ့ ပြန်ဖြေတယ်။

"ဒါပေါ့.. ယောက်ျားလေးက မိန်းကလေးကို ကြိုက်တာပေါ့.. ယောက်ျားလေးက မိန်းကလေးကိုပဲ ကြိုက်ကိုကြိုက်ရမယ်"

ငါလည်း အသံကို မြှင့်ပြီး မေးပြန်တယ်။

"ဘာလို့လဲဆိုတော့ မိန်းကလေးတွေကပဲ ကလေးမွေးပေးနိုင်လို့လား?"

အာ.. ငါ့မေးခွန်းက တစ်ပတ်ပြန်လည်လာပြန်ပြီ။

"ငါပြောချင်တာ အဲ့လိုမဟုတ်ဘူးလေ.."

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now