19 [U]

2.9K 719 11
                                    

အပိုင်း (၁၉)
🌳သစ်ပင်ဆယ့်ကိုးပင်🌳

နှစ်ပတ်လောက်ကြာတော့ ရှင်းလျဲ့လည်း ဆေးရုံက ဆင်းရတယ်။

ဟိုကောင်မလေးကလည်း ဆေးရုံကိုလာပြီး ကြိုးစားပမ်းစား ပစ္စည်းကူသိမ်းပေးရှာတယ်။

ရှင်းလျဲ့က တားလည်း အလကားပဲဆိုတော့ သူ(မ)ကို သူနဲ့အတူ ပစ္စည်းသိမ်းခွင့်ပေးလိုက်ရော။

ငါလည်း အခန်းထဲ မတ်တပ်ရပ်ပြီး နှစ်ယောက်သား စကားပြောလိုက်၊ ပြုံးလိုက်၊ ရီလိုက် လုပ်နေတာကို စောင့်ကြည့်နေလိုက်တယ်။ ရင်ဘတ်ထဲမှာတော့ တော်တော်ခံရခက်တယ်။

"ကျွန်တော် အတန်းသွားတက်ပြီ"

ငါလည်း ငါ့လွတ်အိတ်ကို လွယ်လိုက်ပြီး ကျူရှင်ချိန်မတိုင်သေးပေမယ့် ဆေးရုံကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာပေါ့။

ရှင်းလျဲ့က ငါ့ကို မေးလာတယ်။

"အခု ပြန်တော့မလို့လား? အတန်းက ညဘက်မှ မဟုတ်ဘူးလား?"

ငါလည်း ငါ့နှာခေါင်းကို ပွတ်ပြီး ပြန်ဖြေလိုက်တာပေါ့။

"စာအုပ်ကြည့်စရာရှိလို့ သူငယ်ချင်းအိမ်ကို အရင်သွားမလို့"

ကောင်မလေးက ပြုံးပြုံးလေးနဲ့ ပြောတယ်။

"ရှောင်ထုန်က ထင်ထားတဲ့အတိုင်း ထိပ်တန်းကျောင်းသားလေးပဲနော်.. စာလုပ်ရတာကို တကယ်ကြိုက်တာပဲ! စိတ်အေးလက်အေးသွားပါ.. ရှင်းလျဲ့ကို အစ်မလက်ထဲ အပ်ထားလိုက်.. သူ့ကို ဘေးမသီရန်မခနဲ့ အိမ်ပြန်ရောက်အောင် ပို့ပေးပါ့မယ်နော်"

ငါလည်း ခေါင်းတစ်ချက်ညိတ်ပြလိုက်တယ်။ ပြီးတာနဲ့ တံခါးကို တွန်းဖွင့်ပြီး ဆေးရုံက ထွက်လာလိုက်ရော။

အဲ့ဒီကောင်မလေးက မိန်းမကောင်းလေးပါ။ ရှင်းလျဲ့ သူ(မ)ကို လက်ထပ်ရင် တော်တော်အဆင်ပြေမှာ။

ဒါပေမယ့် ငါ သူ(မ)ကို မကြိုက်ဘူး။ သူ(မ)ကို စကားမပြောချင်ဘူး။ ငါ အဲ့လို မလုပ်သင့်မှန်း ငါသိပါတယ်။ ဒါပေမယ့် စိတ်အေးလက်အေးနဲ့ မနေချင်ဘူး။ မအောင့်ထားနိုင်ဘူး။

🌱သစ်ပင်ဖြစ်ရတာ တကယ်လွယ်မနေဘူး🌳Where stories live. Discover now